အစ္စရေးထံမှ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို ဆိုင်းငံ့လိုက်ကြောင်း ကိုလံဘီယာသမ္မတ ပြော
Pika (NSS) - မတ် ၁
ဂါဇာကမ်းမြောင်ဒေသတွင် စားနပ်ရိက္ခာအကူအညီများနှင့်ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း လူဒါဇင်ချီသေဆုံးခဲ့ပြီးနောက် အစ္စရေးထံမှ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို ဆိုင်းငံ့လိုက်ကြောင်း ကိုလံဘီယာသမ္မတဂူစတာဗိုပက်ထရိုက ဖေဖော်ဝါရီလ(၂၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
အစ္စရေးသည် လက်ဝဲပြောက်ကျားအဖွဲ့များ၊ လက်ယာယိမ်း လက်နက်ကိုင်အဖွဲ့များ၊ မူးယစ်ဆေးဝါးဂိုဏ်းများ နှင့် ဆယ်စုနှစ်များစွာကြာပဋိပက္ခဖြစ်ပွားနေသည့် ကိုလံဘီယာနိုင်ငံ၏ တပ်ဖွဲ့များကို စစ်လက်နက်ပစ္စည်းများ အဓိက ထောက်ပံ့ပေးနေသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
အစ္စရေးတပ်ဖွဲ့များသည် စားနပ်ရိက္ခာအကူအညီနှင့်ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားနေသည့် ပါလက်စတိုင်းလူအုပ်ကြီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၀၀)ကျော် သေဆုံးခဲ့ပြီး အခြားလူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် လူ(၁၀၀)ကျော်သေဆုံးခဲ့ပြီးနောက် ကိုလံဘီယာသမ္မတ ဂူစတာ ဗိုပက်ထရိုက ယခုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပါလက်စတိုင်းလူအုပ်ကြီးသည် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်သည်ဟု ယုံကြည်သောကြောင့် အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း အစ္စရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဂူစတာဗိုပက်ထရိုက "အစားအစာတွေ တောင်းခံနေကြတဲ့ ပါလက်စတိုင်းလူမျိုး(၁၀၀)ကျော်ကို အစ္စရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဒါဟာ လူမျိုးသုဥ်းသတ်ဖြတ်မှုတစ်ခုဖြစ်ပြီး Holocaust (ဂျူးလူမျိုးသုဥ်း သတ်ဖြတ်မှု) ဖြစ်စဉ်ကို အမှတ်ရစေပါတယ်။ ကမ္ဘာကြီးဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ပိတ်ဆို့အရေးယူ မှုတွေ လုပ်ဆောင်သင့်ပါတယ်။ ကိုလံဘီယာနိုင်ငံဟာ အစ္စရေးဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုအားလုံး ကို ဆိုင်းငံ့လိုက်ပါပြီ" ဟု ပြောခဲ့သည်။
ကိုလံဘီယာစစ်တပ်နှင့်ရဲများသည် အစ္စရေးထံမှ ရိုင်ဖယ်သေနတ်များ၊ ပစ္စတိုများ နှင့် ဒုံးကျည်များကို ဆယ်စုနှစ်များစွာကြာ အသုံးပြုခဲ့ကြကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၁၈ ခုနှစ်က ကတိပေးခဲ့သော ခေတ်မီလက်နက်အသစ်အဆန်းတချို့ကို လက်ရှိအချိန်တွင် အသုံးပြုတိုက်ခိုက်နေကြောင်း ရုရှားသမ္မတပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ