စစ်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့သော ယူကရိန်းစစ်သုံ့ပန်းများ၏ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီဟု ရုရှားအစိုးရပြော
Pika (NSS) - မတ် ၁
ပြီးခဲ့သည့် ဇန်နဝါရီလက ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ဒေသတွင် စစ်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့သော ယူကရိန်းစစ်သုံ့ပန်းများ၏ ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းပေးရန် ရုရှားဖက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှားလူ့အခွင့်အရေးဆိုင်ရာတာဝန်ရှိသူ တာတီယာနာမော့စ်ကယ်လ်ကိုဗာက မတ်လ(၁)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်သုံ့ပန်း လဲလှယ်မှုလုပ်ဆောင်ရန်အတွက် ယူကရိန်းစစ်သုံ့ပန်း(၆၅)ဦး အပါအဝင် လူပေါင်း(၇၄)ဦးကို သယ်ဆောင်လာသော Ilyushin Il-76 စစ်လေယာဉ်ကို ဘယ်လ်ဂိုရော့ဒေသတွင် ယူကရိန်းတပ်ဖွဲ့များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။
သို့သော်လည်း ရုရှားအစိုးရသည် အဆိုပါစွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများ ပြခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
Ilyushin Il-76 စစ်လေယာဉ်ကို ပစ်ချခဲ့သည်ဆိုသည့်စွပ်စွဲပြောဆိုချက်များကို ယူကရိန်းဖက်က အတည်ပြုခဲ့ခြင်း မရှိခဲ့သလို ငြင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါစစ်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ သော ယူကရိန်းစစ်သုံ့ပန်းများကို ပြန်လည်လွှဲပြောင်းပေးမည့်ကိစ္စများနှင့်ပတ်သက်ပြီး ယူကရိန်းအရာရှိများနှင့် ပြောဆိုဆက်ဆံမှုများရှိနေကြောင်း တာတီယာနာမော့စ်ကယ်လ်ကိုဗာက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းပဋိပက္ခမှာ အချိန်(၂)နှစ်ကျော်ထိ ရှိလာခဲ့ပြီဖြစ်ပြီး မျှတသောဖြေရှင်းမှုအဖြစ် သံတမန်ရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းက အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းအများအပြား ပေးပို့ကူညီခဲ့ကြောင်း သိရသည်။ သို့သော်လည်း အနောက်အုပ်စုနိုင်ငံများ၏ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှုသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားလာစေမည်ဖြစ်ကြောင်း ရုရှားဖက် အကြိမ်ကြိမ်သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားနိုင်ငံသို့လာစဥ် တားမြစ်ထားသည့်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေ ဝမ်သိန်း(၅ဝ)အထိ တိုးကောက်မည်ဟု ကြေညာထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ