မြန်မာကျောင်းသား တစ်ထောင်ကို အမေရိကန် USAID တက္ကသိုလ်ပညာသင်ဆု ပေးအပ်မည်
NSS - မတ် ၁
ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများရှိ အဆင့်မြင့်ပညာရေးတက္ကသိုလ်များနှင့် အမေရိကန်ပြည်ထောင်စုတို့ပူးပေါင်းကာ မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသား တစ်ထောင်ကျော်အတွက် ပညာသင်ဆုပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံး (ရန်ကုန်) က ထုတ်ပြန်ထားသည်။
ငါးနှစ်စီမံကိန်းပညာသင်ဆုအစီအစဉ်ဖြင့် ထိုင်းနိုင်ငံ နှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်တက္ကသိုလ်များက ပေးအပ်သောပညာရေးဘွဲ့များအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်ကသင်ကြားပို့ချသော အွန်လိုင်းဘာသာရပ်များကိုလည်း မြန်မာကျောင်းသူကျောင်းသား ၁,၀၀၀ ကျော် ပညာသင်ကြားခွင့် ရရှိပါမည်ဖြစ် သည်။
“နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ ယင်းလူငယ်တွေမျိုးဆက်ပျောက်ဆုံးမည့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုစိုးရိမ်ဖွယ်အခြေအနေမျိုးကို မြန်မာနိုင်ငံကရင်ဆိုင်နေရတာကြောင့် ယခုပညာသင်ဆုအစီအစဉ်ဟာ ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်” ဟု မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲဆူဆန်စတီဗင်ဆင်(Susan Stevenson) က ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ အခွင့်အရေးဆုံးရှုံးမှု အများဆုံးရင်ဆိုင်နေရသော လူငယ်များအား ဦးစားပေးကူညီထောက်ပံ့ပေးသွားပြီး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအား အကျိုးပြုမည့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များအား အဆင့်မြင့်ပညာရေးဖြင့် စွမ်းအားမြှင့်တင်သွားရန် ရည်ရွယ်သည့်ပညာရေးအစီအစဉ် ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုအကြောင်း အသေးစိတ်အချက်အလက်များကို www.usaiddip.com အင်တာနက်စာမျက်နှာတွင် လေ့လာနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်း၏ နိုင်ငံခြားခရီးသွား၀င်ရောက်မှု တစ်နှစ်ထက်တစ်နှစ် ၄၈ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း