ထိုင်း၏ နိုင်ငံခြားခရီးသွား၀င်ရောက်မှု တစ်နှစ်ထက်တစ်နှစ် ၄၈ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်
Htay Oung (NSS) - မတ် ၂
ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၅ ရက်အတွင်းနိုင်ငံခြားဧည့်သည် ၅ ဒသမ ၉၈ သန်း လာရောက် ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကာ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ ၁ ဒသမ ၁ သန်း ရှိကြောင်း ဘန်ကောက်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောသည်။
ယမန်နှစ်က နိုင်ငံခြားဧည့်သည် ၂၈ သန်းကိုလက်ခံခဲ့ရသည့်အတွက် ယခုနှစ်တွင် သန်း ၄၀ အထိ စံချိန်တင်နိုင်ရန် အစိုးရက ရည်မှန်းထားကြောင်း သိရသည်။ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီး တိုင်းပြည်ဖြစ်သည့် ထိုင်းနိုင်ငံသည် ၎င်း၏ အဓိက စီးပွားမောင်းနှင်အားဖြစ်သည့်ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အတွက် မကြာသေးမီက တရုတ်နှင့် အိန္ဒိယနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့သည်။
ထို့ပြင် အခြားသောနိုင်ငံများ၏ နိုင်ငံသားများကိုလည်း ဗီဇာမလိုပဲ ခရီးသွားခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း မကြာသေးမီက ဝန်ကြီးချုပ် ဆရက်သာတာဗီဆင်အစိုးရက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံ၏ အပန်းဖြေဆေးခြောက်သုံးစွဲမှုကို နှစ်ကုန်ပိုင်းတွင်တားမြစ်ရန်ရှိသော်လည်း ဆေးဝါးအနေဖြင့် ဆက်လက်သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ဘန်ကောက်ကျန်းမာရေးဝန်ကြီး ချိုလ်နမ်ဆရီကာအောက ပြောဆို ကြောင်း ရိုက်တာသတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂၉ ရက်က ရေးသားထားသည်။
၂၀၂၂ ခုနှစ်တွင် အပန်းဖြေအနေဖြင့် အသုံးပြုနိုင်ကြောင်း ခွင့်ပြုပြီးနောက် ထောင်သောင်းချီသည့် ဆေးခြောက် အရောင်းဆိုင်များ ပေါ်ပေါက်လာပြီး လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိ တန်ကြေးရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ အစိုးရအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အသက်၀င်လာ မည့် ဆေးခြောက်သုံးစွဲမှုထိန်းချုပ်ရေးဥပဒေအသစ်ကိုရေးဆွဲနေပြီး ခရီးသွားလုပ်ငန်းအပေါ်သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့သော ယူကရိန်းစစ်သုံ့ပန်းများ၏ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီဟု ရုရှားအစိုးရပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း