ပေါ့စ်ဘုရင်မ မက်ဒေါနားဟာ ကွယ်လွန်သူ လူသာဗန်ဒရော့ကို ၎င်းရဲ့ AIDS "Celebration Tour" မှ ဖယ်ရှားခဲ့ရ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၉
ပေါ့စ်ဘုရင်မ မက်ဒေါနားဟာ AIDS ကြောင့် ကွယ်လွန်သူတွေကို ဂုဏ်ပြုတဲ့ "Live to hell" performance celebration tour မှာ ကွယ်လွန်သူ R&B အဆိုတော်လူသာဗန်ဒရော့ကို ထည့်ခဲ့တဲ့အတွက် လူသာရဲ့အိမ်ခြံမြေအကျိုးဆောင်ဆီမှ ဆက်သွယ် သတိပေးမှုတွေ ခံခဲ့ရပါတယ်။
ဒါကြောင့် မက်ဒေါနားဟာ သူမရဲ့ "Celebration Tour " မှာ "Live to Tell” performance အတွက် ဖရက်ဒီမာကျူရီ၊ ကိတ်ဟာရင်းနဲ့ AIDS ရောဂါကြောင့်သေဆုံးသွားတဲ့ အခြားအနုပညာရှင်တွေရဲ့ပုံရိပ်တွေကိုပြသခဲ့ပေမယ့် လူသာရဲ့ပုံရိပ်ကိုတော့ ဖျက်ချခဲ့တယ်လို့ သိရပါတယ်။
လူသာ ဟာ ယခုလအတွင်း ကယ်လီဖိုးနီးယားရှိ မက်ဒေါနားရဲ့ performance ဖျော်ဖြေပွဲမှာ ပါဝင်မယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ၎င်းရဲ့အိမ်ခြံမြေအကျိုးဆောင်အဖွဲ့က မက်ဒေါနားကို မက်ဒေါနားရဲ့ Tour အဖွဲ့ဆီ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။
လူသာ ဗန်ဒရော့စ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က လေဖြတ်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ၂၀၀၅ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ “ဆုံးပါးသွားပြီဖြစ်တဲ့ လူသာကို မက်ဒေါနားရဲ့ အသိအမှတ်ပြုမှုအပေါ်ကျေးဇူးတင်မိပေမယ့် လူသာဟာ အေအိုင်ဒီအက်စ် ဒါမှမဟုတ် HIV ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တာမဟုတ်ဘူး" လို့ အိမ်ခြံမြေအကျိုးဆောင်က ပြောကြားခဲ့ပါတယ်။
မက်ဒေါနားရဲ့ "The Celebration Tour" ဟာ ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးကိုဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ နှင့် အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ