မြန်မာအရေးကိုဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ နှင့် အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၁
မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက် အဖြစ် ပူးပေါင်းဆောင်ရွက်မှုများကို အလျင်အမြန်လုပ်ဆောင်ရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sihasak Phuangketkeowက အိန္ဒိယနိုင်ငံတွင် ကျင်းပသော ကမ္ဘာရေးရာကောင်စီအစည်းအဝေး အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း နှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံရေးအခက်ခဲကိုဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မည်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထပ်မံပြောခဲ့သည်။
၎င်းက "အဆုံးမှာတော့ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိအောင် ကူညီပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာအရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားနေပါတယ်။ ဒါပေမယ့် အပြင်လူတွေရဲ့ပါဝင်လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ် ရှိနေပြီး မြန်မာ့အရေးအတွက် မြန်မာနိုင်ငံထဲက သက်ဆိုင်သူအဖွဲ့အစည်းတွေကသာ အခက်အခဲပြဿနာတွေကို အဓိက ဖြေရှင်းရမှာဖြစ်ပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဖြစ်လာခဲ့သော သက်ရောက်မှုများ သည် အိန္ဒိယနှင့် ထိုင်းနိုင်ငံများအပေါ် သက်ရောက်မှုများရှိလာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။
ဒေသအတွင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် အခြားရွေးချယ်မရှိသော်လည်းလည်း အာဆီယံသဘောတူညီချက်ငါးချက်ကို လက်တွေ့အကောင်ထည်ဖော်နိုင်ရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်က အိမ်နီးချင်း မြန်မာအပေါ် ဘာအထာတွေလဲ(ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ