လူမြင်ကွင်းမှာသေဒဏ်ပေးတဲ့စနစ်ကျင့်သုံးတဲ့ တာလီဘန်အဖွဲ့ရဲ့လုပ်ရပ်ကို ကုလသမဂ္ဂအဖွဲ့ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၉
ကုလသမဂ္ဂဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်လျက်ရှိနေလူမြင် ကွင်းမှာ ကွပ်မျက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး သေဒဏ်အပြစ်ပေးမှုများကို အဆုံးသတ်ဖို့ တောင်းဆိုလိုက်ကြောင်းသိရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူသုံးဦးကို လူမြင်ကွင်းမှာ ကွပ်မျက်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါကွပ်မျက်ခံရသူသုံးဦးကို လူအများအပြားရှေ့မှာသေနတ်နဲ့ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အဲဒီလူအုပ်ကြီးထဲမှာ ကွပ်မျက်ခံရသူတွေရဲ့မိသားစုတွေလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဂျရေမီ လောရမ့်က "ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံရှိ ဘောလုံးကွင်းထဲမှာ လူသုံးဦးကို လူအများအပြားရှေ့မှာ ကွပ်မျက်ခဲ့တယ်။ လူမြင် ကွင်းမှာ ကွပ်မျက်တဲ့ စနစ်ဟာရက်စက်လွန်းတယ်။ အဲဒီကွပ်မျက်ခြင်းဟာ သဘာဝမကျဘူးလို့ထင်မိပါတယ်" လို့ပြောပါတယ်။
သေဒဏ်ပေးတဲ့စနစ်ကို ကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံကလည်း တာလီဘန်အစိုးရအဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံမှာ သေဒဏ်ပေးတဲ့စနစ်ကျင့်သုံးနေခြင်းကို ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့အစည်းများက သေဒဏ်ပေးတဲ့စနစ်ကျင့်သုံးခြင်းကို ပယ်ဖျက်ဖို့ တောင်းဆိုနေပေမယ့် တရုတ်၊ အီရန် ဆော်ဒီအာရေးဗျ အပါအဝင်နိုင်ငံအချို့မှာ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သေဒဏ်ပေးတဲ့စနစ်ကိုကျင့်သုံးရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီဘဲအချို့နိုင်ငံတွေမှာတော့ လူမြင်ကွင်းမှာ ကွပ်မျက်တဲ့စနစ်ကို ကျင့်သုံးနေဆဲဖြစ်ကြောင်းသိရပါတယ်။
တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်အုပ်စိုးခွင့်ရခဲ့ပြီးနောက် အာဖဂန်နစ္စတန် ပြည်သူတွေနဲ့ပတ်သက်ပြီး တရား သူကြီးများခန့်အပ်ကာအပြစ်ပေးမှုတွေလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါနာလွှတ်တော်တွင် LGBTQ ဆန့်ကျင်သည့်ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ