ဂါနာလွှတ်တော်တွင် LGBTQ ဆန့်ကျင်သည့်ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂၉
ဂါနာလွှတ်တော်သည် LGBTQ အခွင့်အရေးများကို ကန့်သတ်သည့် အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ခုကို ဖေဖော်ဝါရီလ ၂၈ ရက် (ကြာသပတေးနေ့) က တင်သွင်းခဲ့သည်။ ၎င်းဥပဒေကို ဘာသာရေးခေါင်းဆောင်များ၊ ရှေးရိုးစွဲခေါင်းဆောင်များက နှစ်သက်လိုလားကြပြီး ပါလီမန်၌ မဲခွဲဆုံးဖြတ်ရာတွင်လည်း အများစုက ထောက်ခံခဲ့ကြသည်။
ဥပဒေကြမ်းတွင် လိင်တူခြင်း လိင်ပိုင်းဆိုင်ရာပြုမူခြင်းများ၊ လိင်တူအခွင့်အရေးတက်ကြွလှုပ်ရှားခြင်းများ ပြုလုပ်ပါ က ထောင်ဒဏ် ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။ အာဖရိကတိုက်တွင် အပြင်းထန်ဆုံးဖြစ်လာမည့် ဥပဒေကြမ်း သည် သမ္မတ၏ အတည်ပြုချက်ရယူရန် လိုအပ်နေသေးသည်။ လေ့လာသုံးသပ်သူများက ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲမတိုင်ခင်ထိ ၎င်းဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်း နိုင်မည်မဟုတ်ကြောင်း ယူဆကြ သည်။ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးစံတန်ဖိုးများကို လျော့ကျစေ သောကြောင့် သမ္မတ Nana Akufo-Addo အား အတည်မပြုရန် တောင်းဆိုထားကြသည်။
သို့သော် ဂါနာနိုင်ငံတစ်ဝန်းတွင် ယင်းဥပဒေကြမ်းကို ထောက်ခံသူကများနေပြီး သမ္မတကလည်း ၎င်း၏ လက်ထက်တွင် လိင်တူချင်းထိမ်းမြားလက်ထပ်ခြင်း မရှိစေရဟု ကြွေးကြော်ထားသည်။ လိင်တူချင်းဆက်ဆံမှု သည် ဘာသာရေးကြီးစိုးသော အနောက်အာဖရိကနိုင်ငံများတွင် တရားမဝင် ကိစ္စရပ်ဖြစ်နေသည်။ LGBTQ တို့အား ခွဲခြားဆက်ဆံခြင်းမှာ ပုံမှန်လိုဖြစ်နေသော်လည်း ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်းပြီး တရားစွဲဆိုခြင်းတော့မရှိခဲ့ပါ။ ယခုဥပဒေကြမ်းအရ လိင်တူချင်းဆက်ဆံလျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အပြစ်ပေးခြင်းခံရနိုင်သည်။
ထို့ပြင် LGBTQ အရေး လှုပ်ရှားဆောင်ရွက်မှုများရှိလျှင်လည်း ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်ခြင်းခံရနိုင် သည်။ ဂါနာရှိ ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများပါဝင်သော Big 18 ဟုလူသိများသည့် လူ့အခွင့်အရေး ညွန့်ပေါင်းအဖွဲ့က အဆိုပါဥပဒေကြမ်းအား ရှုတ်ချခဲ့ကြသည်။ ဂါနာရှိ LGBTQ အသိုင်းအဝိုင်းက ၎င်းဥပဒေကြမ်း၏ အကျိုးသက်ရောက်မှုများကို စိုးရိမ်ကြောင့်ကြလျက်ရှိနေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ