ပုဏ္ဏားကျွန်းမြို့အနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့ရှိနေရာအချို့လည်း မီးလောင်ဟုဆို
သုတကျော် (NSS) - ဖေဖော်ဝါရီ ၂၉
ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့ရှိ ခမရ ၅၅၀ တပ်ရင်းဌာနချုပ်ကို AA က တိုက် ခိုက်နေရာ ယနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ရှိနေရာအချို့တွင်လည်း မီးလောင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက NSS သတင်းဌာနကို ပြောသည်။
အဆိုပါ တိုက်ပွဲသည် နံနက်ပိုင်း ၄ နာရီခန့်က စတင်ကာ နံနက်ပိုင်း ၇ နာရီ ခန့်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်သည့် အနေအထားမျိုး ဖြစ် သည်ဟု သိရကြောင်း ၎င်းကပြောသည်။
“လက်နက်ကြီးတွေ ပစ်သံကိုလည်း တော်တော်လေး ကြားရတယ် ပြောတယ်။ နောက်ပြီး တိုက်ပွဲပြင်းထန်တယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ သေနတ်သံတွေ အများကြီးကြားရတယ်။ အဲဒီနားမှာရှိနေတဲ့ တချို့ကို ဖုန်းဆက်ပြီးတော့ သိရတာပါ။ အခုတော့ ဖုန်းဆက်လို့ မရသေးဘူး။ ဒါကြောင့် ဒီလောက်ပဲ သိရပါသေးတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
အဆိုပါ တိုက်ပွဲအပြီးတွင် နောက်ဆက်တွဲ အခြေအနေများကို သိရခြင်းမရှိသေးပဲ နောက်ဆုံးအခြေအနေကို သိရရေးအတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် AA က ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို သိမ်းခဲ့ကြောင်းသိရပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသို့ စေလွှတ်မည့် ပြင်သစ်တပ်ဖွဲ့များက နပိုလီဘံဘိုနာပတ်၏ စစ်တပ်ကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ