ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံလက်ခံကျင်းပပေးရန် အဆင့်သင့်ဖြစ်နေပြီဟု တူရကီအစိုးရကမ်းလှမ်း
Pika (NSS) - ဖေဖော်ဝါရီ ၂၉
တူရကီနိုင်ငံသည် ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရာနေရာတစ်ခုအဖြစ် ထပ်မံလက်ခံကျင်းပပေးရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။
ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်၏ တူရကီ နှင့် Antalya သံတမန်ရေးရာ ဖိုရမ်သို့ လာရောက်လည်ပတ်ခြင်းခရီးစဉ်မတိုင်မီ အာဒိုဂန်က ယခုကဲ့သို့ထုတ် ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခက အချိန်(၂) နှစ်ကျော်လာသည်နှင့်အမျှ စစ်ပွဲကို အဆုံးသတ်ရန်အတွက် မျှတသောဖြေရှင်းမှုအဖြစ် သံတမန်ရေးရာ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း အာဒိုဂန်က ပြောဆိုခဲ့သည်။
အာဒိုဂန်က "ဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ဖြစ်နိုင်သမျှ လမ်းကြောင်းတွေအားလုံးကနေ သံတမန်ရေးရာလမ်း ကြောင်းတွေကို အမြင့်ဆုံးအထိ လုပ်ဆောင်ဖို့က အလွန်အရေးကြီးပါတယ်"ဟု ပြောဆိုခဲ့သည်။
အယ်လ်ဘေးနီးယားနိုင်ငံတွင် ကျင်းပသော ယူကရိန်း-အရှေ့ တောင်ဥရောပထိပ်သီးအစည်းအဝေးတွင် အာဒိုဂန်က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် ယူကရိန်းသမ္မတဇီလန်စကီးသည် ဘော်လ်ကန်ဒေသ နိုင်ငံများကို ချဉ်းကပ်ခဲ့ပြီး စစ်လက်နက်ပစ္စည်း ပူးတွဲထုတ်လုပ်ရေး စတင်ရန် ကမ်းလှမ်းခဲ့ကြောင်းလည်းသိရသည်။ ယူကရိန်းနိုင်ငံသည် လက်ရှိအချိန်တွင် ခဲယမ်းမီးကျည်ထောက်ပံ့ပေးမှု ပြဿနာများနှင့်ရင်ဆိုင်နေသည့်အတွက် စစ်လက်နက်ပစ္စည်းပူးတွဲထုတ် လုပ်ရေးကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် ကြိုးပမ်းအား ထုတ်မှုများမှာ လုံလောက်မှုမရှိသေးကြောင်း အာဒိုဂန်ကထပ်မံပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းလွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊လုံခြုံရေး၊နယ်မြေစိုးမိုးရေးတို့နှင့်ပတ်သက်ပြီး တူရကီ၏ထောက်ခံမှုများကို အာဒိုဂန်က ထပ်မံအတည်ပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။ယူကရိန်းနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန် အဆင့်သင့်ရှိနေကြောင်း ရုရှားဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ သို့သော် လည်း ယူကရိန်းဘက်မှ သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုများ မရှိခြင်းကိုလည်း ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူအဖြစ် လူသိများတဲ့ မစ်မက်ကောနယ်လ် အထက်လွှတ်တော်ခေါင်းဆောင်တာဝန်က အနားယူမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ