ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူအဖြစ် လူသိများတဲ့ မစ်မက်ကောနယ်လ် အထက်လွှတ်တော်ခေါင်းဆောင်တာဝန်က အနားယူမယ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခင်မင်မှုရှိတဲ့ အမေရိကန်အထက် လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီခေါင်းဆောင်ဖြစ်သူ မစ်မက်ကောနယ်လ်က ၎င်းဟာ လွှတ်တော်ခေါင်းဆောင်တာဝန်ကနေ အနားယူသွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
၎င်းဟာ အမေရိကန်အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်တစ်ဦးအဖြစ် ၁၇ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက်အနားယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ မစ်မက်ကောနယ်ဟာ အမေရိကန် အထက်လွှတ်တော်သမိုင်းမှာ အခြားပါတီတွေရဲ့ခေါင်းဆောင်တွေထက် ရီပတ်ဘလီကန် အထက်လွှတ်တော်ခေါင်းဆောင်တစ်ဦးအဖြစ် အချိန်အတန်ကြာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။
၎င်းက " ကျွန်တော်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာအသက် ၈၂နှစ်ပြည့်ခဲ့ပြီ၊ ခေါင်းဆောင်နေရာအတွက် နောက်ထပ် မျိုးဆက်တွေကိုနေရာပေးရမယ့်အချိန်ရောက်ရှိနေတယ်"လို့ ပြောပါတယ်။ မက်ကောနယ်လ်ဟာ လာမယ့် နိုဝင်ဘာလအတွင်းကျင်းပမယ့် အထက်လွှတ်တော်နေရာရဲ့ ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်နေရာရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီဟာ လက်ရှိအချိန်မှာ ပါတီခေါင်းဆောင်အသစ်နေရာကို ရွေးချယ်နိုင်ဖို့ ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရပါတယ်။ မက်ကောနယ်လ်ဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံတဲ့ အမတ်တစ်ဦးဖြစ်ပြီး ၎င်းဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူချိန်က လွှတ်တော်အတွင်း ဒေါ်နယ်ထရမ့်ကို ပြုလုပ်ခဲ့တဲ့ စွပ်စွဲပြစ်တင်မှုတွေကို နှစ်ကြိမ်တိုင် ငြင်းဆန်ခဲ့ဖူးသူဖြစ်ပါတယ်။ မြန်မာ့အရေးဆောင်ရွက်တဲ့ အမေရိကန်လွှတ်တော်အမတ်အဖြစ် လူသိများတဲ့ မစ်မက်ကောနယ်ဟာ အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီလွှတ်တော်အမတ်ခေါင်းဆောင်တာဝန်က နုတ်ထွက်မှာဖြစ်ပေမယ့် လွှတ်တော်အမတ်တစ်ဦးအဖြစ် ၂၀၂၇ ခုနှစ်အထိ ဆက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။ မစ်မက်ကောနယ်ဟာ လက်ရှိအချိန်မှာ ကင်တာကီ ပြည်နယ် အထက်လွှတ်တော်အမတ်ရွေးချယ်ခံထားရသူဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိပိဋကယောဆရာတော်ကြီးက ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရွှေစင်တစ်ပိဿာကျော် လှူဒါန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း