မလေးရှားနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသောမြန်မာများအနေ ဖြင့် နိုင်ငံကူးလက်မှတ်မရှိပါက မြန်မာသံရုံးတွင် သက်သေခံလက်မှတ် လျှောက်ထားနိုင်
Pearl (NSS) - ဖေဖော်ဝါရီ ၂၉
မလေးရှားနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသော မြန်မာများအနေ ဖြင့် နိုင်ငံကူးလက်မှတ်မရှိပါက မြန်မာသံရုံးတွင် သက်သေခံလက် မှတ် (C of I) လျှောက်ထားနိုင်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မလေးရှား အစိုးရက မတ်လ (၁)ရက်မှ မတ်လ (၃၁)ရက်အထိ မလေးရှားနိုင်ငံတွင် တရားမဝင် ရောက်ရှိနေကြသည့် နိုင်ငံခြားသားများအား မူရင်းနိုင်ငံသို့ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( C of I ) နှင့် အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးများတွင် သတ်မှတ်ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်၍ (၁၄)ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်ကြောင်း ကြေညာ ချက်ထုတ်ပြန်ထားသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအစိုးရက ဖြေလျော့ပေးနေသည့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်ရန် နိုင်ငံကူးလက်မှတ်မရှိပါက မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက် မှတ်(C of I) အား မြန်မာသံရုံးတွင် ကိုယ်တိုင်လာရောက် လျှောက် ထားနိုင်ကြောင်း သံရုံးက ဆိုသည်။
မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှု မှန်ကန်ပါက C of I ထုတ် ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ whatsApp no.60 11 2510 5774 သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံလက်ခံကျင်းပပေးရန် အဆင့်သင့်ဖြစ်နေပြီဟု တူရကီအစိုးရကမ်းလှမ်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ