မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ကျင့်သုံးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နစက အာဏာအပ်နှင်း
မြူနစ် (NSS) - ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ် နှင့် မဘိမ်းမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးကျင့်သုံးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နစကမှ အာဏာအပ်နှင်းလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အာဏာအပ် နှင်းလိုက်ခြင်းဖြစ်သည်။
မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင် ရွက်နိုင်ရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နစကမှ အာဏာအပ်နှင်းထားခြင်းဖြစ်သည်။
အဆိုပါတိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်ကာ မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်း ကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည်ဟု နစကမှ အမိန့်ထုတ်ထားသည်။
အထက်ပါမြို့နယ်များအတွင်း၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓါးပြမှုစသည့်အမှုများကို စစ်ခုံရုံးဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်သော မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့သည် ပြီးခဲ့သော လပိုင်းအတွင်း၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့သော နေရာများဖြစ်သည်။ လက်ရှိနစကအစိုးရလက်ထက်တွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်ပေါင်းမှာ စုစုပေါင်း (၅၇)မြို့နယ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးနှင့်မကွေးတိုင်းတို့တွင် ငွေကျပ် (၃)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ