ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံပိုင်နက် တစ်လက်မတောင် ဆုံးရှုံးခံမှာမဟုတ်ကြောင်း သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၉
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒေသအတွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေသလို တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ရေကြောင်းအငြင်းပွားမှုဖြေရှင်းရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်သင်္ဘောတွေကို ဟန့်တားနှောက်ယှက်တာမျိုးတွေ လုပ်ဆောင်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားအငြင်းပွားမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်သမ္မတက " ဖိလစ်ပိုင်နိုင်ငံဟာဒေသအတွင်း ငြိမ်းချမ်းရေး၊ ဒေသအတွင်း တည်ငြိမ်ရေး၊ ဒေသအတွင်း အောင်မြင်မှုတွေကို ခြိမ်းခြောက်နေတာ၊ ထိခိုက်နစ်နာအောင်လုပ်တဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရာမှာ ရှေ့တန်းက ပါဝင်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့အချုပ်အခြာပိုင်နက်ကို တစ်စတုရန်းလက်မတောင် သိမ်းပိုက်ဖို့ ဘယ်နိုင်ငံခြားအင်အားကြီးကမှ ကြိုးပမ်းမှုကို ခွင့်မပြုပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြောက်ခမန်းလိလိ ဖြစ်နိုင်ပါတယ်" လို့ပြောပါတယ်။
ဖိလစ်ပိုင် အာဏာပိုင်တွေက တရုတ်ရေတပ်သင်္ဘောတွေကို ၂၀၁၂ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့ Scarborough Shoal ကျွန်းဝန်းကျင်မှာတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်သမ္မတ မာကိုစ့်က တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်သင်္ဘောအသစ်တွေဖြန့်ကြတ်ချထားခဲ့ကြောင်း ပြောပါတယ်။ ဖိလစ်ပိုင်နဲ့တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာခုံရုံးမှာ ဖြေရှင်းခဲ့ရပြီး ခုံရုံးကဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့တရုတ်နိုင်ငံက ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီးတောင်တရုတ်ပင်လယ်အတွင်း စစ်သင်္ဘောတွေ စေလွှတ်တာအရှိန်မြင့်လုပ်ဆောင်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ဟာ အစားအစာ၊ ရေနံနဲ့ ကုန်စည်တွေတင်ပို့ရာမှာ အဓိကအရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်နေပြီး ဖိလစ်ပိုင်နဲ့အမေရိကန်အပါအဝင်နိုင်ငံအချို့က ရေကြောင်းလွတ်လပ် ပွင့်လင်းမှုရှိဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်နယ်ထရမ့်က အီလီနွိုက်ပြည်နယ် ရီပတ်ဘလစ်ကန်သမ္မတလောင်း ကိုယ်စားလှယ်ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပိတ်ပင်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ