စစ်တွေမြို့မစျေးကြီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးမှု နှင့် ဒဏ်ရာရသူများပြား
သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၉
စစ်တွေမြို့မစျေးကြီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရသူများပြားကြောင်း စစ်တွေမြို့ခံ တစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဥ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်)၊ နံနက်ပိုင်း ရှစ်နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်တွေမြို့မစျေး၏ အသီးအရွက်ရောင်းသည့် စျေးတန်းနေရာသို့ကျရောက်ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
"သေဆုံးတာက ၁၀ ဦးကျော်မယ်။ ကျွန်တော်လည်း မပြောတတ်သေးဘူး။ ဆေးရုံကြီးမှာ ကားတွေဆိုင်ကယ်တွေအများကြီးပဲ။ ဒဏ်ရာရသူလည်းများမယ်"ဟု အထက်ပါမြို့ခံကပြောသည်။
လက်ရှိအခြေအနေအရ သေဆုံး၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ထားကာ အပျက်အစီးအောက် ပိမိသူများရှိနိုင်၊ မရှိနိုင်အခြေအ နေကို မသိရသေးကြောင်းလည်း ၄င်းကပြောသည်။ ယနေ့နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် သတင်းအရ ဒဏ်ရာရရှိသူ (၄ဝ)ကျော်ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်း ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံပိုင်နက် တစ်လက်မတောင် ဆုံးရှုံးခံမှာမဟုတ်ကြောင်း သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ