မြန်မာ မပါဝင်သော ထိုင်း COBRA GOLD ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မတ်လ ၈ ရက်အထိ နိုင်ငံပေါင်း ၃ဝ ပူးပေါင်း ပါဝင်လေ့ကျင့်မည်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၈
ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ ဦးဆောင်ကျင်းပသော COBRA GOLD 2024 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံမှလွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု ပူးပေါင်းပါဝင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော COBRA GOLD 2024 စစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အာရှတိုက်ဒေသအတွင်းပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများ တွင် အချိန်အကြာဆုံးပြုလုပ်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ၄၃ ကြိမ်မြောက်ပြုလုပ်သော COBRA GOLD စစ်ရေးလေ့ကျင့်ခန်းအစီစဉ်တွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အဓိက ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ ဆွီဒင်၊ ကူဝိတ်၊ သီရိလင်္ကာ၊ ဂရိ၊ လာအို၊ ပါကစ္စတန် ၊ ဘရာဇီး၊ ဗီယက်နမ်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိဂျီ၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၃ဝ သည် ၎င်းတို့သက်ဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်းများအလိုက် ပူးပေါင်းပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
စစ်ရေးလေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း ၃ဝ မှ တပ်ဖွဲ့ဝင်ပေါင်း ၉၅၉ဝ ဦး ပူးပေါင်းပါဝင်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းနှင့် အမေရိကန်နိုင်ငံတို့က အများဆုံးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်တွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအစီအစဉ်များ အပါအဝင် အခြားစစ်ရေးလေ့ကျင့်ခန်း များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် စစ်ရေးလေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်သောနိုင်ငံများကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော စစ်ရေးလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ စင်ကာပူသံအမတ်ကြီး၊ ဂျပန်သံအမတ်ကြီး၊ တောင်ကိုရီယားသံအမတ်ကြီး၊ မလေးရှားသံအမတ် ကြီး၊ အင်ဒိုနီးရှားသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်မရောတွင် အမျိုးသမီး (၂)ဦး ဓားခုတ်ခံရဒဏ်ရာဖြင့် နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ