ကျိုက်မရောတွင် အမျိုးသမီး (၂)ဦး ဓားခုတ်ခံရဒဏ်ရာဖြင့် နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိ
စော (NSS) - ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အမျိုးသမီး (၂)ဦး ဓားခုတ်ခံရဒဏ်ရာဖြင့် နေအိမ်၌ သေဆုံးမှုဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)၊ နံနက်ပိုင်းအချိန်တွင် ကျိုက်မရောမြို့နယ်၊ အောင်သုခရပ်ကွက်၊ ကျွန်းရွာသွား ကားလမ်းဘေးရှိ နေအိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ အမျိုးသမီး ၃ ယောက်နေတယ်။ သူတို့တွေက အတိုးတွေပေးစားတယ်လို့ သိရတယ်။ အပေါင်လည်းခံ တယ်။ (အိမ်အပေါ်က) အစ်မကြီးက ဆင်းလာလို့ သူတို့(ကျုးလွန်သူ)က အပေါ်အတက် ဆုံကြတာပေါ့။ ဆုံတော့ သူကအော်ရော၊ ယောကျ်ားကြီးနှစ်ယောက်က ထွက်ပြေးသွားတယ်။ သက်သေပစ္စည်းတွေ ကျန်တယ် ကျွန်တော် ကြားတာတော့ ဓားတွေ၊ အင်္ကျီတွေ၊ ဖိနပ်တွေ ကျန်သွားတယ်လို့ ပြောတာပဲ” ဟု ဖြစ်စဉ်ကို သိရှိသူ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
လတ်တလော သိရချက်များအရ သေဆုံးသူအမျိုးသမီး (၂)ဦးမှာ အသက် (၅၉)နှစ်အရွယ်ရှိသူ ဒေါ်ပါးပါးသီ နှင့် အသက် (၅၀)အရွယ်ရှိသူ ဒေါ်လှလှဝင်းတို့ဖြစ်ကာ အလောင်းကို ကျိုက်မရောဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်ကူးနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မနက်ဖြန် ယာယီ ဓာတ်အားပြတ်တောက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း