လှည်ကူးနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မနက်ဖြန် ယာယီ ဓာတ်အားပြတ်တောက်မည်
စော (NSS) - ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းရှိ လှည်းကူးမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မနက်ဖြန် (ဖေဖော်ဝါရီလ ၂၉ ရက်)၌ ယာယီ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ ရန်ကုန်-မန္တလေးအမြန်လမ်း၊ 66/11kV, 20MVA GIS ဓာတ်အားခွဲရုံအား ဓာတ်အားပေးနိုင်ရန် 66kV ကောင်းကင်ဓာတ်အား လိုင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် 66kV လှော်ကား - လှည်းကူး - ရွှေပေါက္ကံ ဖီဒါအား မနက်ဖြန် (ဖေဖော်ဝါရီလ ၂၉) ရက်၊ နံနက် (၁၀) နာရီ မှ မွန်းလွဲ (၂) နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်စဉ်အတွင်း လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက် နေရာအချို့ နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့တွင် ယာယီဓာတ်အားပြတ်တောက်နိုင်ကြောင်း သိရသည်။
သို့သော် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESCမှဆိုသည်။
အလားတူ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ 66/11kV, (20)MVA ယုဇနဓာတ်အား ခွဲရုံတွင် တိုးချဲတည်ဆောက်ထားသော 66/11kV, (20)MVA ထရန်စဖော်မာ (၁)လုံးအား ဓာတ်အား ဆက်သွယ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မနက်ဖြန် (ဖေဖော်ဝါရီလ ၂၉ ရက်)၊ မွန်းလွဲ (၁၁)နာရီမှ (၃)နာရီအထိ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၏ ရပ်ကွက်နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် PDF ပူးပေါင်းအဖွဲ့၏လုပ်ရပ်အပေါ် အဖွဲ့အစည်း (၂၁)ခု ကန့်ကွက်ရှုတ်ချ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ