မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက အမေရိကန်ဒေါ်လာသန်း(၁၀၀)တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများကို လိမ်လည်ရယူခဲ့ကြောင်း Chainalysis ကုမ္ပဏီ ဖော်ပြ
Pika (NSS) - ဖေဖော်ဝါရီ ၂၉
စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုများကို ခြေရာခံကာခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်သည့်ကုမ္ပဏီ Chainalysis သည် မြန်မာနိုင်ငံရှိ အွန်လိုင်းကို အသုံးပြုကာ လိမ်လည်မှုများလုပ်ဆောင်နေသော ရာဇဝတ်ဂိုဏ်းတစ်ခု၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့်ကိစ္စတစ်ခုကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းကို အသုံးပြုကာလိမ်လည်မှုများ လုပ်ဆောင်နေသောဂိုဏ်းများသည် ၂ဝ၂၂ ခုနှစ်မှစတင်ပြီး ၎င်း၏ သားကောင်များထံမှ အမေရိကန်ဒေါ်လာသန်း(၁၀၀)တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများကို လိမ်လည်ယူခဲ့ ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုများလုပ်ဆောင်နေသည့် ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသူများသည် အချစ်ရေးလိမ်လည်မှုများကို ခံရပြီးနောက် ဒစ်ဂျစ်တယ်ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အတင်းအကြပ်ဖိအားပေးစေခိုင်းခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။
Chainalysis ကုမ္ပဏီက ဆောင်ရွက်သော စုံစမ်းစစ်ဆေးမှုသည် မြန်မာနိုင်ငံ မြဝတီမြို့ရှိ KK Park ခြံဝင်းအတွင်း တွင်ရှိသည့် အွန်လိုင်းကို အသုံးပြုကာလိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများ၏ စစ်ဆင်ရေးများကို ထုတ်ဖော် ပြသနိုင်ခဲ့ကြောင်းလည်း သိရသည်။ လူကုန်ကူးခံရသည့် လူအများအပြားနေထိုင်သော အဆိုပါြခံဝင်းသည် အွန်လိုင်းကို အသုံးပြုကာ အချစ်ရေးလိမ်လည်မှုများ လုပ်ဆောင်နေသည့် အဓိကနေရာတစ်ခုဖြစ်လာခဲ့ကြောင်း လည်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
ထို့အပြင် အဆိုပါရာဇဝတ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် လူကုန်ကူးခံရသူများသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိရောက်အောင် လုပ်ဆောင်ရန် ဖိအားပေးစေခိုင်းခံနေရကြောင်းလည်း သိရသည်။
International Justice Mission's Global Fusion Center မှ ကမ္ဘာလုံးဆိုင်ရာလေ့လာသုံးသပ်သူ အဲရစ်ဟိုင့်ဇ်က "ဒီလူတွေကြုံတွေ့နေရတဲ့အခြေအနေတွေက တကယ်ကို ကြောက်စရာကောင်းပါတယ်။သူတို့တွေဟာ တစ်ရက် ကို (၁၂)နာရီ ဒါမှမဟုတ် အဲဒီထက်ပိုပြီး အလုပ်လုပ်ကိုင်ဖို့ အတင်းအကြပ်စေခိုင်းခံနေရပါတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုကို မရောက်ခဲ့ရင်လည်း ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့ကို ရိုက်နှက်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ကြပြီး အစာမကျွေးတဲ့အထိကို ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ သိရပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ မပါဝင်သော ထိုင်း COBRA GOLD ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မတ်လ ၈ ရက်အထိ နိုင်ငံပေါင်း ၃ဝ ပူးပေါင်း ပါဝင်လေ့ကျင့်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ