ပြင်သစ်သမ္မတမက်ခရွန်၏ ယူကရိန်းနှင့်ပတ်သက်သည့်အကြံပြုပြောဆိုချက်ကို နေတိုးအဖွဲ့ဝင်နိုင်ငံများ ငြင်းဆန်ပယ်ချ
Pika (NSS) - ဖေဖော်ဝါရီ ၂၈
အနောက်အုပ်စုနိုင်ငံများ၏ တပ်ဖွဲ့များကို ယူကရိန်းနိုင်ငံတွင် ဖြန့်ကျက်ချထားသင့်သည်ဆိုသည့် ပြင်သစ်သမ္မတ မက်ခရွန်၏ အကြုံပြုပြောဆိုချက်ကို ဗြိတိန်၊ ပိုလန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဖင်လန် နှင့် ဆွီဒင်နိုင်ငံတို့က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံတွင် နေတိုးအဖွဲ့၏ တပ်ဖွဲ့များကို ဖြန့်ကျက်ချထားရန် အစီအစဉ်များမရှိကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ချ်က ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းနိုင်ငံသို့တပ်ဖွဲ့ဝင်များ စေလွှတ် ရန် အမိန့်ထုတ်ထားခြင်းမျိုးမရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆူနက်က ပြောကြားခဲ့သည်။
ဆူနက်၏ ပြောရေးဆိုခွင့်ရှိသူက "ယူကရိန်းတပ်ဖွဲ့တွေကို အကူအညီပေးဖို့အတွက် ဗြိတိန်တပ်ဖွဲ့ဝင် အနည်းငယ် စေလွှတ်ထားတာရှိပေမယ့် ကြီးမားတဲ့ဖြန့်ကျက်ချထားမှုတွေကို လုပ်ဆောင်ဖို့အစီအစဉ်တွေ ကျွန်တော်တို့မှာ မရှိသေးပါဘူး" ဟု ပြောခဲ့သည်။
ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က "ယူကရိန်းမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားဖို့က လောလောဆယ်တော့ ကျွန်တော်တို့အစီအစဉ်ထဲမှာ မပါဝင်သေးပါဘူး။ လောလောဆယ်မှာတော့ ယူကရိန်းကို အဆင့်မြင့်ပစ္စည်းကိရိယာ တွေပေးပို့ဖို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလုပ်ရှုပ်နေပါတယ်" ဟု ပြောခဲ့သည်။
ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ(၆၈၂)သန်းတန်ဖိုးရှိ စစ်ရေးအကူအညီများ ကူညီပံ့ပိုးပေးရန် ဆွီဒင်နိုင်ငံက ပြီးခဲ့သည့်သီတင်းပတ်တွင် ကတိပြုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အနောက်အုပ်စုနိုင်ငံများ၏ တပ်ဖွဲ့များ ဖြန့်ကျက်ချထားပေးရန် ယူကရိန်းဘက်မှ တောင်းဆိုခြင်းမျိုးလည်းမရှိသေးကြောင်း Ulf Kristersson က ထပ်မံပြောခဲ့သည်။
ဖင်လန်နိုင်ငံအနေဖြင့် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ပေးသွားရန် အစီအစဉ်မရှိကြောင်း ဖင်လန်သမ္မတ Sauli Niinisto ကလည်း ပြောကြားခဲ့သည်။ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က "ယူကရိန်းပိုင်နက်နယ်မြေအတွင်းကို ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေ စေလွှတ်ပေးသွားမယ့်အစီအစဉ်မရှိပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းနိုင်ငံကို ကူညီရာတွင် အခြားနည်းလမ်းများကို ဖွင့်လှစ်ရန် မလိုအပ်ကြောင်း ချက်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် Petr Fiala က ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတမက်ခရွန်၏ အကြုံပြုပြောဆိုချက်ကို ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်ကလည်း ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။ အိုလက်ဖ်ရှိုးလ် က "လာမယ့်အနာဂတ်မှာလည်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဒါမှမဟုတ် ဥရောပနိုင်ငံတွေဟာ ယူကရိန်းမြေပေါ်ကို တပ်ဖွဲ့တွေ စေလွှတ်သွားမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသည် ခေတ်ပြိုင်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်းကျန်ခဲ့ကြောင်း တပ်ချုပ်ဖွင့်ဟပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ