ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ၈ နှစ်ဆက်တိုက်ကျဆင်းနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၉
ဂျပန်နိုင်ငံ ၏ကလေးမွေးဖွားမှုနှုန်းသည် ၂ဝ၂၃ ခုနှစ်တွင် ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ဂျပန်အစိုးရ၏ ကနဦး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်းသည် ၈ နှစ်ဆက်တိုက် ကျဆင်းခြင်းဖြစ်ပြီး အစိုးရအတွက် စိန်ခေါ်မှုများဖြစ်လာစေခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် အိမ်ထောင်ပြုသူအရေအတွက် ကျဆင်းခဲ့သလို ကလေးမွေးဖွားမှုနှုန်းလည်း ကျဆင်းနေကြောင်း သိရသည်။ ၂ဝ၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၏ကလေးမွေးဖွားနှုန်းသည် ၇၅၈၆၃၁ ဦးအထိ ကျဆင်းခဲ့ပြီး ယခင်နှစ် ထက် ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အိမ်ထောင်ပြုသူအရေအတွက်ကလည်း ၄၈၉၂၈၁ ဦးသာရှိခဲ့ကြောင်း သိရသည်။
ဂျပန်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ကလေးမွေးဖွားနှုန်းကျဆင်းနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ် သောအစီမံများလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း အိမ်ထောင်ပြုခဲ့သောဦးရေသည် နှစ်ပေါင်း ၉ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ သိန်းအောက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ ယိုရှီမာဆာဟာယာရှီ က "ကလေးမွေးဖွားနှုန်းကျဆင်းခြင်းဟာ စိုးရိမ်ရတဲ့အခြေနေမှာ ရှိနေပါတယ်။ လာမယ့် ခြောက်နှစ်အတွင်းမှာ လည်း ကလေးမွေးဖွားနှုန်းကျဆင်းမှုတွေ ဆက်လက်ဖြစ်လာနိုင်တယ်" ဟု ပြောသည်။
ဂျပန်အစိုးရသည် ကလေးမွေးဖွားနှုန်းကျဆင်းခြင်းကို ဟန့်တားနိုင်ရန်အတွက် ကလေးငယ်များပြုစုစောင့်ရှောက် ပေးခြင်း၊ လူငယ်အလုပ်သမားများအတွက် လုပ်ခလစာများ တိုးမြှင့်ပေးခြင်း စသော အစီအမံများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂ဝ၇ဝ ပြည့်နှစ်တွင် လူပေါင်း ၈၇ သန်းအထိ ကျဆင်းဖွယ် ရှိနေပြီး ဂျပန်လူဦးရေ၏ ၁၀ဦးတွင်လေးဦးက ၂၀၇၀ခုနှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် ရောက်ရှိဖွယ်ရှိနေ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ချောင်းအတွင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ