ပုသိမ်ကြီးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ချောင်းအတွင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးထံမှ သိရသည်။
ရေနစ်သေဆုံးမှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၇ ရက်)၊ ညနေ ၅နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ မှန်ပင်ကျေးရွာအနီး စွယ်တော်မြောင်း အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ရေဆင်းချိုးတာ။ ဆည်မြောင်းကနေ ဆွယ်တော်ရေလွှတ်မြောင်းရှိတယ်။ ရေချိုးရင်းနဲ့ ရေနစ်တာ။ ဒီနေ့တစ်နာရီခွဲဝန်းကျင်မှ ပြန်တွေ့တာပါ။ ပုံမှန်ရေချိုးတဲ့နေရာကနေ ခပ်လှမ်းလှမ်းမှာပြန်တွေ့တာပေါ့” ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-မန္တလေးတိုင်း ဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၇၄)နှစ်အရွယ် မှန်ပင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်) နေ့လည်ပိုင်းအချိန်တွင် ချောင်းအတွင်း၌ ၎င်း၏ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရေနစ်သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-မန္တလေးတိုင်းဒေသကြီးမှ မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်သမ္မတမက်ခရွန်၏ ယူကရိန်းနှင့်ပတ်သက်သည့်အကြံပြုပြောဆိုချက်ကို နေတိုးအဖွဲ့ဝင်နိုင်ငံများ ငြင်းဆန်ပယ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း