ပြင်သစ်နိုင်ငံ စီးပွားရေးတွင် ယူရို(၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံမည့်သဘောတူညီချက်ကို ပြင်သစ်နှင့်ကာတာနိုင်ငံတို့ လက်မှတ်ရေးထိုး
Pika (NSS) - ဖေဖော်ဝါရီ ၂၈
၂ဝ၂၄ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အတွင်း ပြင်သစ်နိုင်ငံရှိ စတင်တည်ထောင်မည့်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့များထံတွင် ယူရို(၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံရန် ကာတာနိုင်ငံက သဘောတူညီခဲ့သည့် မဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို ပြင်သစ်နှင့်ကာတာနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း ပြင်သစ် သမ္မတက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်ကူးပြောင်းမှု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အာကာသ၊ AIနည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာ၊ ကျန်းမာရေး၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ယဉ်ကျေးမှုတို့ကဲ့သို့သော အဓိကကဏ္ဍများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။
ကာတာဘုရင် Sheikh Tamim bin Hamad al-Thani သည် ဖေဖော်ဝါရီလ(၂၇)ရက်တွင် ပြင်သစ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည့် ခရီးစဉ်ကို စတင်ခဲ့ပြီးနောက် အဆိုပါရင်းနှီးမြှုပ်နှံမှုများကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ကာတာဘုရင် Sheikh Tamim bin Hamad al-Thani ၏ ပြင်သစ်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် ပထမဆုံးနေ့တွင် ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရသော ဓါးစာခံများ လွတ်မြောက်လာစေရန်အတွက် အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့်ကြိုးပမ်းမှုများက လွှမ်းမိုး ထားခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ကာတာနိုင်ငံသည် အဓိက ကျသော ကြားဝင်စေ့စပ်ပေးသည့်ကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် နိုင်ငံတကာသံတမန်ရေးဆိုင်ရာကြိုးပမ်းမှုများသည် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ပိုမိုအရှိန်မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။
ပြင်သစ်သမ္မတမက်ခရွန်နှင့် ကာတာဘုရင်တို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချက်ချင်းရရှိရန် လိုအပ်သည်ဆိုသည့်အချက်ကို ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း ထပ်မံ အတည်ပြုပြောဆိုခဲ့ကြကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်ရေးအလားအလာနှင့် အခြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြင်သစ်အစိုးရက ပြောကြားခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိတ္ထီလာမြို့၌ သံဃာမောင်းနှင်လာသည့် ကားက ဆိုင်ကယ်ကို တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ