ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်လာမည်ဆိုလျှင် နေတိုးအုပ်စုနှင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေဟု ရုရှားအစိုးရသတိပေး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၈
အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်အုပ်စုသည် ယူကရိန်းနိုင်ငံအတွက် စစ်သားများ စေလွှတ်ကူညီမယ်ဆိုလျှင် နေတိုးအုပ်စုနှင့် ရုရှားနိုင်ငံကြားပဋိပက္ခတွေဖြစ်လာဖွယ်ရှိကြောင်း ရုရှားအစိုးရက သတိပေးလိုက်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးမှုအတွက် ရုရှားနှင့် နေတိုးအုပ်စုကြားအငြင်းပွားမှုတွေ၊ အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေ အရှိန်မြင့်လာခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး ရုရှားနှင့်နေတိုးအုပ်စု၏ဆက်ဆံရေးက ၁၉၆၂ ခုနှစ်ကဖြစ်ပွားခဲ့သော ကျူးဘား ဒုံကျည်ပြဿနာဖြစ်လာခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာခဲ့သည်။ ရုရှားသမ္မတပူတင် ကိုယ်တိုင်ကလည်း ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး နေတိုးအုပ်စုနဲ့ ရုရှားနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံလာဖွယ်ရှိကြောင်း အစောပိုင်း ကတည်းက ကြိုတင်သတိပေးထားပြီးဖြစ်သည်။
ပြင်သစ်သမ္မတမက်ခရွန်က နေတိုးအုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်တွေ စေလွှတ် ကောင်း စေလွှတ်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အငြင်းပွားမှုတွေဖြစ်လာခဲ့ ကြောင်းသိရသည်။၊
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမိထရီပက်ကောဗ့်က "နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို တပ်ဖွဲ့ဝင် တွေစေလွှတ်ဖို့ ဆွေးနွေးမှုတွေဟာ အလွန်အရေးကြီးတဲ့အစီအစဉ်အသစ်တစ်ခုပါ။ ဒါပေမယ့် နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်နိုင်ချေနဲ့ပတ်သက်ပြီး မဆွေးနွေးလိုဘူး။ ဒါပေမယ့် နေတိုး အုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံတွေက စစ်သားတွေ စေလွှတ်မယ်ဆိုရင် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင် တယ်" ဟု ပြောသည်။
နေတိုးအုပ်စုသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးရုံသာမက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်ရေး လေ့ကျင့်ခန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အသုံးပြုပုံတွေကိုသာ သင်ကြားပေးခဲ့ကြောင်း သိရသည်။ ရုရှားနှင့် နေတိုးအုပ်စုခေါင်းဆောင်တစ်နိုင်ငံဖြစ်သော အမေရိကန်တို့သည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက် အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံများဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင်ကရုရှားနှင့် နေတိုးအုပ်စုကြား ပဋိပက္ခဖြစ်လာမည်ဆိုလျှင် တတိယ ကမ္ဘာစစ်အထိ ဦးတည်လာဖွယ်ရှိတယ်လို့ အစောပိုင်းက ပြောဆိုခဲ့ဖူးသည်။ ပြင်သစ်သမ္မတ မက်ခရွန်က အနောက် အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံနိုင်မည့် မဟာဗျူဟာကို ချန်လှပ်မထားသင့်ကြောင်း၊ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံ အနိုင်ရစေရန် အရာရာတိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်း တွင် ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သောရက်ပိုင်းတွင် ရုရှား နှင့် ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီးနေတိုးအုပ်စုနိုင်ငံများကြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရအဖွဲ့က အမေရိကန်နိုင်ငံသည် ယူကရိန်းသို့တပ်ဖွဲ့ဝင်များ စေလွှတ်မည့်အစီအစဉ်မရှိသလို ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်မည့် နေတိုးအဖွဲ့နှင့်ပူးပေါင်းရန်အတွက်လည်း တပ်ဖွဲ့ဝင်များစေလွှတ်မည်မဟုတ်ကြောင်းပြောသည်။ ရုရှားကိုရင်ဆိုင်ရန်အတွက် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရေးနှင့်ပတ်သက်ပြီး နေတိုးအုပ်စုဝင်နိုင်ငံများကြား အငြင်းပွားမှုများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF (၇၀)ဦးခန့်က ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာမ(၃)ဦးကို ဖမ်းဆီးမှု ထပ်မံဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ