Discovery မင်းသား ကန်နက်မစ်ချယ်လ် အသက် ၄၉ နှစ်မှာ ကွယ်လွန်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၆
Star Trek: Discovery မင်းသား ကန်နက်မစ်ချယ်လ်ဟာ အသက် ၄၉ နှစ်အရွယ်မှာပဲ amyotrophic lateral sclerosis (ALS) - အာရုံကြောရောဂါနဲ့ စနေနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို ၎င်းရဲ့မိသားစုက လူမှုမီဒီယာအကောင့်မှာ တင်ကာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
မစ်ချယ်လ်ဟာ အမေရိကန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားရှိုးများစွာမှာ သရုပ်ဆောင်တစ်ဦးအဖြစ် လူသိများသူတစ်ဦးဖြစ်ပါတယ်။
၎င်းကို Captain Marvel မှာလည်း Carol Danvers ရဲ့ ဖခင်အဖြစ် မြင်တွေ့ရပါတယ်။
Star Trek: Discovery ကတော့ ၎င်းကို လူသိအများဆုံးဖြစ်စေခဲ့တဲ့ ဇာတ်ကား ဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ ၎င်းက ဇနီးသည်၊ သား ၂ ယောက်နဲ့ အိမ်ထောင်ဦးစီး၊ သားသမီးတွေကို ကောင်းစွာ လမ်းညွှန်ဆုံးမတတ်တဲ့ ဖခင်ကောင်းအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
မစ်ချယ်လ်ဟာ ၂၀၁၈ ခုနှစ် ကတည်းက ALS ရောဂါ စတင်ခံစားခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ်ကစ ဘီးတပ်ကုလားထိုင်ကို စတင်အသုံးပြုခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယမှာ ရထားတစ်စီး မောင်းနှင်သူမပါဘဲ ကီလိုမီတာ ၇၀ ထိ ခရီးရောက်ခဲ့
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ