ဘာကီနာဖာဆိုတွင် ကက်သလစ်ဘုရားကျောင်းအား တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့) က ဘာကီနာဖာဆိုနိုင်ငံရှိ Essakane ရွာတွင် သေနတ်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကက်သလစ်ဘာသာဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ဘုရားကျောင်း တာဝန်ရှိသူများက ဖော်ပြခဲ့သည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အရေးယူမှုတစ်စုံတစ်ရာမရှိခဲ့ပါ။ ထိုပစ်ခတ်တိုက်ခိုက်ခံရသော ကျေးရွာ သည် လက်နက်ကိုင်အဖွဲ့များ၏ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး အထူးသဖြင့် ခရစ်ယာန် ဘုရားကျောင်းများကို ပစ်မှတ်ထားနေကာ ဘုန်းတော်ကြီးများကိုလည်း ပြန်ပေးဆွဲလေ့ရှိသည်။
လက်နက်ကိုင်အဖွဲ့များ၏ ပုန်ကန်သောင်းကျန်းမှုများကြောင့် ဘာကီနာဖာဆိုနိုင်ငံဧရိယာ၏ ထက်ဝက်ကျော်သည် အစိုးရ၏ အုပ်ချုပ်မှုမှ လွတ်ကင်းလျက်ရှိနေသည်။ တိုက်ခိုက်ရေးသမားများသည် လူပေါင်းထောင်နှင့်ချီ သတ်ဖြတ် ခဲ့ကြပြီး ၂ သန်း ထက်မနည်း အိုးအိမ်စွန့်ခွာခဲ့ကြရသည်။
၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကလည်း နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေသည်။ နိုင်ငံအား အုပ်ချုပ်လျက်ရှိသော စစ်အစိုးရသည် ပထမအကြိမ် အာဏာသိမ်းခဲ့ပြီးကတည်းက တည်ငြိမ် အေးချမ်းမှုရရန်ကြိုးပမ်းနေရသည်။ အာဖရိက မဟာဗျူဟာလေ့လာရေးစင်တာ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ အချက်အလက်များအရ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးမှုနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဥ်လျှင် ၃ ဆဖြစ်လာကြောင်း တွေ့ရသည်။
ထို့ပြင် မာလီ၊ နိုင်ဂျာတို့နှင့် ထိစပ်လျက်ရှိသော နိုင်ငံ၏ နယ်စပ်တစ်လျှောက် အခြေအနေများသည်လည်း ဆိုးရွားလျက်ရှိကာ ထိုနှစ်နိုင်ငံစလုံးတွင်လည်း စစ်အစိုးရက အုပ်ချုပ်လျက်ရှိပြီး လုံခြုံရေးအခြေအနေမှာ ဆိုးရွားလျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်ရှိ အစ္စရေးသံရုံးအပြင်ဖက်တွင် လေတပ်တပ်ဖွဲ့ဝင်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ