အစ္စရေး၏ နိုင်ပွဲက ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ရာဟုပြော
Pika (NSS) - ဖေဖော်ဝါရီ ၂၆
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းကို ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟားမက် လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် အစ္စရေးတပ်ဖွဲ့များ၏ အနိုင်ရရှိမှုက မကြာမီအချိန်အတွင်း ရရှိလာလိမ့်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အကြံပြုပြောခဲ့သည်။
သို့သော်လည်း ပါလက်စတိုင်းဒုက္ခသည် (၁ ဒသမ ၄) သန်းခန့်ရှိသော ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်နေသောအစီအစဉ်အား ဖျက်သိမ်းရန် အစ္စရေးအစိုးရကို နိုင်ငံတကာက ဖိအားပေးနေကြောင်းလည်း သိရသည်။
အစ္စရေးတပ်ဖွဲ့များက ထိုးစစ်ဆင်မှုမလုပ်ဆောင်မီ ရာဖဲလ်မြို့မြောက်ပိုင်းရှိ ရှင်းလင်းထားသောနေရာများသို့ အရပ်သားများအား ရွှေ့ပြောင်းပေးသွားလိမ့်မည်ဖြစ်ကြောင်း နေတန်ရာဟုက ရှင်းပြပြောခဲ့သည်။ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ ရှိခဲ့မည်ဆိုပါက အချိန်ခဏနှောင့်နှေးမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဖြစ်ကိုဖြစ်လာမည်ဟု နေတန်ရာဟုက ပြောဆိုခဲ့ ကြောင်းလည်း သိရသည်။
နေတန်ရာဟုက "ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ မရှိခဲ့ဘူးဆိုရင် ထိုးစစ်ဆင်မှုကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ အလုံးစုံအောင်မြင်မှုက ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တာကြောင့် ဒီစစ်ဆင်ရေးကို လုပ်ကို လုပ်ရမှာပါ။ ပြီးတော့ ဒီစစ်ဆင်ရေးကို စလိုက်တာနဲ့တစ်ပြိုင်နက် အောင်မြင်မှုက ရကိုရလာမှာပါ။ အစ္စရေး တပ်ဖွဲ့တွေရဲ့နိုင်ပွဲက လက်တစ်ကမ်းမှာရောက်နေပါပြီ။ ဟားမက်လက်နက်ကိုင်အဖွဲ့ကို သုတ်သင်ရှင်းလင်းတာ တွေမပြီးမချင်း နိုင်ပွဲ ရရှိမှာမဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့၏ တပ်ရင်း(၂၄)ခုမှ (၁၈) ခုကို ဖျက်ဆီးပြီးပြီဖြစ်ပြီး ကျန်ရှိနေသော တပ်ရင်း(၄)ခုမှာ ရာဖဲလ်မြို့တွင် ရှိနေကြောင်းလည်း နေတန်ရာဟု က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓာတ်လိုက်သေဆုံးနေသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးအလောင်းတစ်လောင်းကို (၃)ရက်အကြာမှတွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ