ဓာတ်လိုက်သေဆုံးနေသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးအလောင်းတစ်လောင်းကို (၃)ရက်အကြာမှတွေ့ရှိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ဓာတ်လိုက်သေဆုံးနေသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း ပရဟိတဓါရီ လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအမျိုသားအလောင်းကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၈၀x၈၁ လမ်းကြား၊ ထီးရိုးဝင်းလူနေတိုက်ခန်းတိုက်အခန်းအမှတ် 15A ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆုံးနေတာက (၃)ရက်လောက်ရှိပြီ။ အလောင်းက ပုပ်နေပြီ။ သူ့တူတွေက အဆက်အသွယ်မရလို့ အခန်းကိုလာကြည့်တော့မှ တွေ့တာ။ အလောင်းကတော့ ဓာတ်လိုက်သေတယ်လို့ယူဆတယ်။ aircooler နားမှာ ဆုံးနေတာဆိုတော့။ Extension ကနေ aircooler ကိုသွယ်ဖို့ လုပ်ရင်းနဲ့ သေဆုံးသွားတာလို့ ယူဆရတယ်” ဟု ပရဟိတဓါရီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် အသက်(၆၃)နှစ်အရွယ် ဦးလှဦးဆိုသူဖြစ်ကြောင်းသိရသည်။ “ဓာတ်လိုက်ပြီးသေဆုံးတယ်လို့ပဲ သက်ဆိုင်ရာက လည်းယူဆပါတယ်။ မန္တလေးမှာက မီးကလည်းပြတ်လိုက်လာလိုက်ဖြစ်တယ်။ အဲဒီတော့ ဓာတ်လိုက်ဆုံးတာတွေလည်းရှိသလို မီးလောင်မှုတွေလည်း ဖြစ်တက်တယ်။ အဲဒါကြောင့် ဂရုစိုက်စေချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ဓာတ်ပေါင်းစုလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတရွေးကောက်ပွဲအတွက် အစောပိုင်းမဲပေးမှုကို စတင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း