တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ပျက်စီးသွားတဲ့အတွက် အရေးပေါ်အကူအညီများပေးဖို့ ဩစတေးလျဝန်ကြီးချုပ် ကတိပြု
ရောင်နီ(NSS) - ဖေဖော်ဝါရီ ၂၅
သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ယခုသီတင်း ပတ်အတွင်း အပူလွန်ကဲမှုကြောင့် နေအိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ် တောမီးလောင်မှုမှာ အရေးပေါ် အခြေအနေအတွက် လိုအပ်သမျှ ကူညီပံ့ပိုးပေးဖို့ တနင်္ဂနွေ နေ့(ဖေဖော်ဝါရီလ ၂၅ ရက်)က ကတိပြုခဲ့ပါတယ်။
"ဗစ်တိုးရီးယားမှ တောင်းခံသမျှ အကူအညီကို ကျွန်တော်တို့ ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ် အယ်လ်ဘန်နစ်က ဗစ်တိုးရီးယား၊ ဖရန့်စတန်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ "ရာသီဥတုဖောက်ပြန်မှုအန္တရာယ်နဲ့ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဆက်လက်ဖြေရှင်းဖို့ သတိရှိဖို့ လိုအပ်တယ်"လို့ ၎င်းက ပြောပါတယ်။
အရေးပေါ် မီးဘေးအန္တရာယ်ကြောင့် တိရစ္ဆာန်များသေဆုံးကာ နေအိမ်ခြောက်လုံးပျက်စီးပြီး လူပေါင်း ၂၀၀၀ ကျော် ပြည်နယ်မြို့တော် မဲလ်ဘုန်းအနောက်ဘက် ၉၅ ကီလိုမီတာ (မိုင် ၆၀) အကွာ ဘယ်လ်ရက် မြို့ဆီကို တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ ဩစတေးလျဟာ အယ်နီညို ရာသီဥတုပုံစံကြောင့် တောမီးများ၊ ဆိုင်ကလုန်းများနဲ့ မိုးခေါင်ရေရှားမှုများ စတဲ့ ပြင်းထန်ဖြစ်စဉ်များ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။ အခုလည်း ဗစ်တိုးရီးယားမှာ တနင်္ဂနွေနေ့က တောမီး ၁၅ ခုကျော် လောင်ကျွမ်းခဲ့တယ်လို့ ပြည်နယ် အရေးပေါ် အာဏာပိုင်အဖွဲ့မှ ပြောကြားချက်အရ သိရပါတယ်။
ယခုသီတင်းပတ်အတွင်း အထူးသဖြင့် လာမယ့် ဗုဒ္ဓဟူးနေ့မှ ကြာသပ တေးနေ့အထိအတွင်း မီးလောင်ကျွမ်းမှု ပိုမိုများပြားလာနိုင်တဲ့ အပူလွန်ကဲမှု ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒီအတွက် ပြည်နယ်အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ အခုအချိန်ထိတော့ တောမီးကို မီးသတ်သမား အင်အား ၁,၀၀၀ ၊ လေယာဉ်အစီး ၅၀ ကျော်နဲ့ ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအတွက် အိန္ဒိယနိုင်ငံသားတွေ စစ်ပွဲမှာပါဝင်တိုက်ခိုက်ပေးနေဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ