ရုရှားအတွက် အိန္ဒိယနိုင်ငံသားတွေ စစ်ပွဲမှာပါဝင်တိုက်ခိုက်ပေးနေဟုဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၅
အိန္ဒိယနိုင်ငံသားအချို့ဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားနိုင်ငံဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက "အိန္ဒိယနိုင်ငံသားတွေဟာ ရုရှားစစ်တပ်ကို အားပေးထောက်ခံမှုနဲ့အလုပ်လုပ်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တယ်" လို့ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ဘယ်နှစ်ဦး ရုရှားဘက်က ပါဝင်တိုက်ခိုက်ပေးနေသလဲဆိုတဲ့အချက်ကို အသေးစိတ်ထုတ်ပြန်တာမျိုးတော့မရှိခဲ့ကြောင်းသိရပါတယ်။
ဒူဘိုင်း အခြေစိုက် လူသစ်စုဆောင်ရေးအုပ်စုများသည် အိန္ဒိယနိုင်ငံသားများကို တရားမဝင်လူသစ်စုဆောင်းပြီး ရုရှားနိုင်ငံကူး လက်မှတ်ထုတ်ပေးကာရုရှားနိုင်ငံကို ပို့ဆောင်ခြင်းများရှိခဲ့ကာ ရုရှားစစ်တပ်က လက်နက်နှင့်ကျည်ဆံများအသုံးပြုတတ်စေရန် သင်ကြားပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခြင်းများရှိခဲ့တယ်လို့သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံသား အနည်းဆုံး ၁၀၀ ခန့် ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားစစ်တပ်က ပါဝင်တိုက်ခိုက်ပေးဖို့စာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်ကြာမြင့်နေပြီဖြစ်ရာ နှစ်ဖက်စလုံးဟာ လူသူ၊ လက်နက်၊ ခဲယမ်းမီးကျောက်ကုန်ခမ်းမှုတွေရှိလာခဲ့ရာ ကြေးစားစစ်သားတွေကိုခေါ်ယူအသုံးပြုခြင်း၊ အခြားနိုင်ငံသားတွေကို ခေါ်ယူခြင်းများရှိနေကြောင်းသိရပါတယ်။
ရုရှားနဲ့ ယူကရိန်းကြားစစ်ပွဲဖြစ်ပွားနေချိန်အတွင်း အပစ်ခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲက အချိန် (၁၀) နှစ်ကြာတောင် အဆုံးသတ်မှာမဟုတ်ကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက် မီဒီယာတွေကဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော် အပါအဝင် မြို့(၄)ခု၌ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို Online Booking စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ