ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်အားလျော့ခြင်းမျိုးမဖြစ်စေလိုကြောင်း မဟာမိတ်တွေနဲ့ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့အကြီးအကဲ တောင်းဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၅
နေတိုးအဖွဲ့အကြီးအကဲက ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မပျက်စေလိုကြောင်းတိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ယူကရိန်းကို တိုက်ခိုက်ပြီး လွမ်းမိုးမှုတွေရယူနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ယူကရိန်းနဲ့ မဟာမိတ်အုပ်စုတွေ စိတ်မပျက်စေလိုကြောင်း နေတိုးအကြီးအကဲ ဂျန်စတိုတန်ဘတ်ချ်ကပြောခဲ့တာဖြစ်ပါတယ်။ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ်က "ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး မြေပြင်တိုက်ပွဲအခြေအနေတွေက အရေးကြီးတဲ့အခြေအနေမျိုးကိုရောက်ရှိနေတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို လွှမ်းမိုးအနိုင်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေကို အပြောင်းအလဲတွေလုပ်ဆောင်မှာမဟုတ်ဘူး၊သမ္မတပူတင်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြင်ဆင်တာမျိုးလည်းမရှိခဲ့ပါဘူး"လို့ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ ၎င်းက " ယူကရိန်းနဲ့ မဟာမိတ်တွေဟာ လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မပျက်စေလိုဘူး၊ ယူကရိန်းဟာ ကျွမ်းကျင်မှုတွေနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ပြသပြီးရင်းပြသရမယ်"လို့ ပြောပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုကြောင်း ဂျန်စတိုတန်ဘတ်ချ်က ထပ်မံပြောဆိုခဲ့ပါတယ်။ နေတိုးအုပ်စုဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်တွေအပြင် တိုက်ခိုက်ရေး သင်္ဘောတွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြှောက်ကျည်ဆံတွေထပ်မံကူညီပေးသွားမှာဖြစ်ကြောင်းနေတိုးအဖွဲ့အကြီးအကဲကပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားဟာ ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး လက်ရှိအချိန်အထိနှစ်နိုင်ငံကြားတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ရာ ယူကရိန်းသမ္မတက တန်ပြန်ထိုးစစ်ဆင်မှုအသစ်တွေ ထပ်မံလုပ်ဆောင်မယ်လို့ ကတိပြုပြောဆိုထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သတင်းအတိအကျသိရပါက အချိန်မရွေးတိုင်ကြားရန် ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ