ဟေတီကို အမေရိကန်မှ တင်ပို့တဲ့ဆန်တွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အာဆင်းနစ် ပါဝင်နေတာ တွေ့ရတယ် လို့ လေ့လာမှုတစ်ခုက ဆို
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၄
အမေရိကန်ဟာ နိုင်ငံရဲ့ အဓိက စားနပ်ရိက္ခာ အဓိကထောက်ပံ့မှုအများဆုံးဖြစ်တဲ့ ဟေတီနိုင်ငံကို တင်ပို့တဲ့ ဆန် တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အာဆင်းနစ် နဲ့ ကက်မီယမ် ပါဝင်ပြီး ၎င်းတို့ဟာ ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ မီရှီဂန် တက္ကသိုလ်မှ မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရပါတယ်။
ဟေတီဟာ မက္ကဆီကို၊ ဂျပန်နဲ့ အတူ အမေရိကန်ရဲ့ ထိပ်တန်းဆန်ဝယ်ယူသူတွေထဲမှာ ပါဝင်ပြီး အနောက် ကမ္ဘာခြမ်းရဲ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တာကြောင့် စျေးပေါတဲ့တင်သွင်းမှုတွေကိုသာ တတ်နိုင်ကြပါတယ်။ လေ့လာမှုအရ ပျမ်းမျှအာဆင်းနစ်နဲ့ ကက်ဒီယမ် ပါဝင်မှုဟာ ပျမ်းမျှအားဖြင့် နိုင်ငံတကာကန့်သတ်ချက်ထက် ကျော်လွန်နေတာ တွေ့ရပါတယ်။
တင်သွင်းလာတဲ့ ဆန်နမူနာ အားလုံးနီးပါးဟာ ကလေးစားသုံးမှုအတွက် US Food and Drug Administration ရဲ့ အကြံပြုချက်ထက် ကျော်လွန်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမေရိကန် FDA နဲ့ နိုင်ငံခြားရေးဌာနတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။ ဒီလေ့လာမှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကန့်သတ်ချက်တွေကို လျော့ရဲသွားတာကို ထောက်ပြနေပါတယ်။
၂ဝ၂ဝ ပြည့်နှစ်က လေ့လာမှုအရ ဟေတီနိုင်ငံသားတွေဟာ တစ်နှစ်ကို ပျမ်းမျှဆန် ၈၅ ကီလိုဂရမ် (၁၈၇ ပါင်) စားသုံးကြလေ့ရှိပြီး ဆက်စပ်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများဖြစ်ပွားနိုင်ခြေများတာကို တွေ့ရှိခဲ့ပါ တယ်။ ဒါ့အပြင် ဟေတီမှာ လက်နက်ကိုင် ဂိုဏ်းများကြား ပြင်းထန်တဲ့ပဋိပက္ခတွေရှိနေတာကြောင့် ခန့်မှန်းခြေ လူ ၃၀၀,၀၀၀ ကျော်ဟာ ၎င်းတို့ အိုးအိမ်တွေကို စွန့်ခွာခဲ့ရပြီး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ ဆာလောင်မွတ်သိပ်မှု ကို ခံစားနေကြရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရက်လည်အလှူမှ ပြန်လာသည့်ကားကို PDF များက ဝိုင်းဝန်းပစ်ခတ်သဖြင့် သံဃာတော်နှင့် လူ(၂)ဦးသေဆုံး၊ သတ်ဖြတ်ခံရသည့် သံဃာတော်အပါး (၁၀ဝ) ခန့် ရှိလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ