နဂါးနှစ်မှာ တရုတ်နိုင်ငံတစ်ဝှမ်း ကလေးမွေးဖွားမှုနှုန်း မြင့်တက်နိုင်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၄
နဂါးနှစ်မှာ တရုတ်နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံတွေမှာ ကလေး ပိုမိုမွေးဖွားလာနိုင်တယ်လို့ ဘဏ္ဍာရေးသတင်းထုတ်ပြန်ချက် Yicai က ဖော်ပြခဲ့ပါတယ်။
တရုတ်ရိုးရာမှာ နဂါးရာသီခွင်နိမိတ်ဟာ အထူးကံကောင်းတယ်လို့ အယုံအကြည်ရှိကြပြီး ဖေဖော်ဝါရီ ၁၀ ရက်က စတင်ခဲ့တဲ့ နှစ်သစ်ကူးကာလမှစ ဆေးရုံများမှ အချက်အလက်များအရ မွေးကင်းစကလေး အရေအတွက် သိသိသာသာတိုးလာတယ်လို့ Yicai က ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း Wuxi ရှိ ဆေးရုံတစ်ရုံမှ အချက်အလက်အရ ပြီးခဲ့တဲ့တစ်နှစ်နဲ့ နှိုင်းယှဉ်ရင် မွေးကင်းစ ကလေးဦးရေ ၂ဝ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။ အနောက်မြောက်ပိုင်း ရှန်ဇီ ပြည်နယ်ရှိဆေးရုံတစ်ရုံကတော့ ၂၀၂၃ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ကလေးမွေးဖွားမှု ၇၂ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကလေးမွေးဖွားစရိတ်ကြီးမြင့်မှုကြောင့် စုံတွဲတွေကြား ကလေးယူနှုန်း နည်းပါးလာခဲ့ပါတယ်။ ဒါကြောင့် အစိုးရက အနာဂတ် လူဦးရေအတွက် စိုးရိမ်လာခဲ့ရပြီး ကလေးမွေးဖွားမှုနှုန်း ပြန်လည်မြင့်တက်လာအောင် မွေးဖွားစရိတ်ထောက်ပံ့ခြင်း၊ လှုံ့ဆော်ခြင်း စတဲ့ ကြိုးပမ်းမှုတွေ ပြုလုပ်နေပါတယ်။
ဒါပေမယ့်လည်း လူငယ်အများစုကတော့ အလုပ်အကိုင်အလားအလာနဲ့ စီးပွားရေးအခြေအနေကြောင့် တစ်ကိုယ်တည်းနေဖို့ (သို့မဟုတ်) လက်မထပ်ဖို့ ရွေးချယ်ကြပါတယ်။ ဒါကြောင့် ရိုးရာ နိမိတ်ကောင်းတွေရှိတဲ့ နဂါးနှစ်ကတော့ ကလေးမွေးဖွားနှုန်းမြင့်တက်လာအောင် စွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NUG လော်ဘီ မီဒီယာတွေမှာ ပြန်ကြားရေးဒုဝန်ကြီးနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ မိုင်းထိတယ်လို့ ဖော်ပြခံရ၊ တာချီလိတ် ကျားဖြန့်နှိမ်နင်းရေး၊ မွန်ပြည်သစ် ခွဲထွက်အဖွဲ့နဲ့ NUG တို့ပေါင်းမိကြပြီ (၂၃-၂-၂ဝ၂၄)
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း