ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ သွားရောက်လည်ပတ်မှုကို တရုတ်အစိုးရ ဝေဖန်တုံ့ပြန်
Pika (NSS) - ဖေဖော်ဝါရီ ၂၃
အမေရိကန်လွှတ်တော်အမတ်အဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်နှင့်တွေ့ဆုံခဲ့ပြီးနောက် ထိုင်ဝမ်အရေး နှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှုအားလုံးကို ရပ်တန့်ရန် အမေရိကန်ကို တရုတ်အစိုးရက တိုက်တွန်းခဲ့ကြောင်း သိရသည်။
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးသည် ဖေဖော်ဝါရီလ(၂၂)ရက်တွင် ထိုင်ဝမ်သို့ သွားရောက်လည်ပတ် ခဲ့ပြီးနောက် ဝင်ရောက်စွက်ဖက်မှုအားလုံးကို ရပ်တန့်ရန် အမေရိကန်အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာအိုနင်က တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မာအိုနင်က "အမေရိကန်နဲ့ ထိုင်ဝမ်အာဏာပိုင်တွေကြား အပြန်အလှန်ဆက်ဆံမှုတွေကို တရုတ်ဖက်က လုံးဝ ကန့်ကွက်ပါတယ်။ ပြီးတော့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေဟာ ဘယ်လို ပုံစံပဲဖြစ်ဖြစ် တရုတ်ဖက်က ပယ်ချပါတယ်။ ထိုင်ဝမ်နဲ့ တရားဝင်အဆက်အသွယ်ဖြတ်ဖို့၊ ထိုင်ဝမ်လွတ်လပ်ရေး အတွက် ခွဲထွက်ရေးသမားတွေထံ မှားယွင်းတဲ့အချက်ပြုမှုတွေ ပေးပို့နေတာကို ရပ်တန်ဖို့ အမေရိကန်တာဝန်ရှိ သူတွေနဲ့ လွှတ်တော်အမတ်တွေကို တောင်းဆိုပါတယ်" ဟု ပြောခဲ့သည်။
ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် မိုက်ခ်ဂယ်လာဂါဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ(၂၂) ရက်တွင် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်၊အခြားအကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုသီတင်းပတ်ကုန် တွင် နောက်ထပ်အစည်းအဝေးများ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။
မိုက်ခ်ဂယ်လာဂါ က "အမေရိကန်နိုင်ငံ၊ ဒီမိုကရက်တစ်ပါတီဝင်တွေနဲ့ ရီပတ်ဘလစ်ကန်ပါတီဝင်တွေဟာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် အတူတကွရပ်တည်နေပါတယ်" ဟု ပြောခဲ့သည်။
ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ် က "ထိုင်ဝမ်ဟာ နိုင်ငံတကာမိတ်ဖက်တွေနဲ့ဆက်ဆံရေးတွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
တရုတ် နှင့် ထိုင်ဝမ်ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာချိန်တွင် အမေရိကန်လွှတ်တော်အမတ်အဖွဲ့တစ်ဖွဲ့၏ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်သည့်ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းဘူးမြို့နယ်မှ နှစ်ပေါင်း(၁၆ဝ)ကျော်သက်တမ်းရှိ ကြေးခေါင်းလောင်း(၁)လုံး အပါအဝင် ကြေးခေါင်းလောင်း ကြီး(၂)လုံး ခိုးယူခံရမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို စုံစမ်းနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ