Mother of dragon အဖြစ် လူသိများတဲ့ မင်းသမီး အမ်မလီရာကလက်ခ် တော်ဝင် MBE ဘွဲ့ ချီးမြှင့်ခံရ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၃
The Game of Thrones ကြယ်ပွင့် အမ်မီလီရာကလက်ခ်နဲ့ သူမရဲ့မိခင်ဖြစ်သူဟာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) က Windsor Castle မှာ အထူးအခမ်းအနားနဲ့အတူ တော်ဝင်မိသားစုမှ ချီးမြှင့်တဲ့ Excellent order of the British Empire medals (MBE) ဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့ပါတယ်။
အဆိုပါ ဂုဏ်ပြုဆုတံဆိပ်ကို ချားလ်ဘုရင်ကိုယ်စား မင်းသားဝီလျံက ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ကလက်ခ်နဲ့ သူမရဲ့ မိခင်ဟာ ဦးနှောက် ထိခိုက်ဒဏ်ရာရှိသူများအတွက် "Same you" charity foundation ကို တည်ထောင်ခဲ့ခြင်း ကြောင့် အခုလို MBE ဘွဲ့ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကို မင်းသမီး ကလက်ခ်က မင်းသားဝီလျံနဲ့ တွေ့ဆုံနေတဲ့ ဗီဒီယိုနဲ့အတူ ဆိုရှယ်မီဒီယာမှာ အကြောင်းကြားလာခဲ့ခြင်း ဖြစ်ပါတယ်။
ကလက်ခ်ဟာ Game of Thrones - Season 1 ရိုက်ကူးပြီးနောက် ဦးနှောက်ဒဏ်ရာ ပထမဆုံးဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ခွဲစိတ်မှုခံယူပြီး တစ်လအကြာမှာပဲ ရိုက်ကူးရေးနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကို ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ "Same You" charity foundation ဟာ သူမလို ခံစားရတဲ့ဝေဒနာရှင်တွေအတွက် အကူအညီရစေဖို့ တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီ foundation နဲ့ပဲ သူမဟာ ဗြိတိန်တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Super Bowl ချန်ပီယံ ထရာဗစ်ကလက်၊ တေလာဆွဖ်ရဲ့ Eras Tour အတွက် ဆစ်ဒနီကို ရောက်ရှိ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ