ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း(၅၀)နီးပါး ခေါ်ယူနေ
စော (NSS) - ဖေဖော်ဝါရီ ၂၂
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၅၀)နီးပါးခေါ်ယူနေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဝန်ကြီးဌာနက ဒု-လက်ထောက်ဦးစီးမှူး(မြို့ပြ)ရာထူးအတွက် အမျိုးသား (၁၃)ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၁၇)ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပုံဆွဲ(၄)ရာထူးအတွက် (၂၁)ဦး နှင့် စာရင်း ကိုင် (၄)ရာထူးအတွက် (၁၀)ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာကို နေပြည်တော်၊ ရုံးအမှတ် (၁၅)၊ စီမံရေးရာဌာနခွဲ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်း၊ စီမံ (၄)၊ စီမံရေးရာဌာနခွဲ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)နှင့် မန္တလေးတိုင်း၊ မန္တလေးမြို့၊ ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့၌ မတ်လ ၆ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရာထူးနေရာ လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို မတ်လ ၇ ရက်မှ ၈ ရက်တို့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟာသပညာရှင်များအစည်းအရုံး(ဗဟို) လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အကြောင်း ဥက္ကဋ္ဌဦးဒိန်းဒေါင် ဖွင့်ဟလာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း