ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့က ထပ်မံ မိုင်းခွဲ ဖျက်ဆီး
Pearl (NSS) - ဖေဖော်ဝါရီ ၂၂
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်၊ ည (၉)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ ညောင် လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာ နှင့် ပိန်းဇလုပ်ဘူတာအကြား မိုင် တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် အကြမ်းဖက်အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့သဖြင့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း (၂)ချောင်းမှာ ပေ(၇၀)ခန့်စီ ပြတ်ထွက်ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီဖားတုံး (၃၆)တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ်ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါက် (၅)ပေါက် ဖြစ်ပေါ် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် ရထားအချို့ ရပ်နားခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံ ရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်းပြုပြင်ခြင်းကို နံနက် (၁၁) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၂၅ မိနစ်တွင် ပြီးစီးခဲ့သဖြင့် အသီးသီးရပ်နားခဲ့ရသော ရထားများ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်းထန်လျက်ရှိသည့် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂ ဒသမ ၇)သန်းနီးပါးရှိလာကြောင်း UN Myanmar ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း