ပြင်းထန်လျက်ရှိသည့် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂ ဒသမ ၇)သန်းနီးပါးရှိလာကြောင်း UN Myanmar ထုတ်ပြန်
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၂
ပြင်းထန်လျက်ရှိသည့် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ(၂ ဒသမ ၇)သန်း နီးပါးရှိလာကြောင်း UN Myanmar ကထုတ်ပြန်ထားသည်။
United Nations OCHA Myanmar မှ ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက်) တွင် ထုတ်ပြန်ခဲ့သည့် အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်တွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ တိုးလာသော်လည်း ဝင်ရောက်ကူညီ ခွင့်ကန့်သတ်ချက်များရှိနေကြောင်း သိရသည်။
ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏာန်းများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်း နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် လူဦးရေ ၂ ဒသမ ၄ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက တပ်မတော်မှ အာဏာရယူအပြီးတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာသူများဖြစ်ကြောင်း UN Myanmar မှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်(မြောက်ပိုင်း)တွင် အပစ်အခတ်ရပ်စဲထားခြင်းကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် နေရပ်စွန့်ခွာသူအများစု နေရပ်တွင်ပြန်လည်နေထိုင်လျက်ရှိ ကြောင်း သိရသည်။ သို့သော် အောက်တိုဘာလကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ထွက်ပြေးခဲ့သည့် အိုးအိမ်စွန့်ခွာသူ(၂၃၀၀၀)နီးပါးသည် မြို့နယ်(၃၅)မြို့နယ်အတွင်းရှိ နေရာ(၁၄၁)ခုတွင် ရှိနေဆဲဖြစ်ကြောင်း UN Myanmar မှ ဆိုထားသည်။
ထို့ပြင် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် ဆေးဝါးနှင့်ကုသရေးများခက်ခဲနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း