ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် ဆေးဝါးနှင့်ကုသရေးများခက်ခဲနေ
NSS - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရပ်ရွာပြည်သူများသည် အခြေခံကျန်းမာရေးဝန်ဆောင်မှုရရှိရန် နှင့် ဆေးဝါးကုသမှုရရှိရန် ပိုမိုခက်ခဲနေကြောင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ International Committee of the Red Cross Myanmar က ထုတ်ပြန်သည်။
ကုန်စျေးနှုန်းများမြင့်တက်လာခြင်း ကျန်းမာရေးဌာနများရှိ ဆေးဝါးပစ္စည်းများ လုံလောက်အောင်ထားရှိနိုင်ရန်ကလည်း အရေးကြီးလိုအပ်နေကြောင်းသိရသည်။ ထို့ပြင် သွားလာခွင့်ကန့်သတ်မှုများကြောင့် လူမှုအသိုက်အဝန်းတွေများသည် အနီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော နေရာများသို့ သွားရောက်ရန်ခက်နေနေခြင်းဖြစ်သည်။
“လူနာအရေအတွက် များလာတာနဲ့အမျှ ဆေးဝါးလိုအပ်ချက်ကလည်း မြင့်တက်လာတာပါပဲ။ အထူးသဖြင့် ဆေးဝါးတွေအရေးပေါ်လိုအပ်လာချိန် ဒီလိုဆေးဝါးပစ္စည်းတွေ ထောက်ပံ့ကူညီပေးထားတော့ ကျွန်မတို့ရဲ့ အခက်အခဲတွေကို အများကြီး လျော့ပါးသက်သာစေပါတယ်”ဟု သက္ကေပြင် တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ICRC သည် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့် ရှောက်မှုပေးရာဌာန ၁၅ ခုကို ကူညီထောက်ပံ့ပေးခဲ့ပြီး ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူ အယောက်ပေါင်း ၆၅၀,၀၀၀ ခန့်ကို ကျန်းမာရေးဝန် ဆောင်မှုများပေးထားကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အကြားတိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများသည် နေရပ်ကို စွန့်ခွာလာကြသည့်အပြင် တစ်နေရာနှင့် တစ်နေရာသို့ ကူးလူးသွားလာရန် အခက်အခဲများ ရှိနေခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်ရာချီ ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း