ပြည်တွင်းစစ်သံသရာမှ ရုန်းထွက်ကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အင်အားဖြည့်လုပ်ဆောင်ရန် တပ်ချုပ်ကို ရခိုင့်ဦးဆောင်ပါတီ တိုက်တွန်း
မြူနစ် (NSS) - ဖေဖော်ဝါရီ ၂၁
ပြည်တွင်းစစ်သံသရာမှ ရုန်းထွက်ကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အင်အားဖြည့်လုပ်ဆောင်ရန် တပ်ချုပ်ကို ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီတို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် ရခိုင့် ဦးဆောင် ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က အထက်ပါကဲ့သို့ တိုက်တွန်းအကြံပြုခဲ့ခြင်းဖြစ်သည်။
“အခုဟာက လမ်းဆုံလမ်းခွရောက်နေပြီ ပြည်တွင်းစစ်သံသရာအတွင်းမှာ တစ်ဝဲလည်လည်နေမှာလား။ ပြည်တွင်း စစ်သံသရာထဲကနေ ရုန်းထွက်မှာလား။ အဲဒီမေးခွန်းကလိုနေပြီ။ ရုန်းထွက်မယ်ဆိုရင်တော့ဖြင့် အမျိုသားပြန်လည် ရင်ကြားစေ့ရေးကို ဒီထက်မက ပြန်လည်အင်အားဖြည့်ရမှာပေါ့။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းဆို တာနဲ့ နည်းလမ်းရှာ ရမှာပေါ့” ဟု ဒေါက်တာအေးမောင်က NP News ကို ပြောသည်။
နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရန်လည်း နစက ဥက္ကဋ္ဌဘက်က တိုက်တွန်းထားပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်လည်း လက်ရှိအချိန်ထိ ဖိတ်ခေါ်လျက်ရှိ ကြောင်း သိရသည်။
SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က “ကျွန်တော်တို့ကတော့ ရုန်းထွက်စေချင်တယ်။ ဆိုးကျိုးသံသရာကပေါ့ဗျာ။ လူထုကိုအနိုင်ပေးစေချင်တယ်။ ပြည်ထောင်စုကို အနိုင်ပေးစေချင်တယ်။ အဲဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်စေချင်တယ်။ လုပ်မှလည်းဖြစ်မယ်။ အဲဒါလေးတော့ ကျွန်တော်ဘက်က ပြောဆိုဖြစ်ခဲ့တယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ စစ်ရေးပဋိပက္ခသည် ပိုမိုကျယ်ပြန့်နေလျက်ရှိပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်း သော နိုင်ငံရေးနည်းလမ်းသည် မှေးမှိန်နေလျက်ရှိသည်။
“ကျွန်တော်တို့နိုင်ငံမှာ မကြံစဖူး စစ်ဘောင်းက ကျယ်တယ်။ နိုင်ငံရေးဆွေးနွေးမှုဘောင်က ကျဉ်းတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့စစ်ဘောင်က တိုင်းတစ်ပါးသားနဲ့ဖြစ်နေတဲ့ စစ်ဘောင်မဟုတ်ဘူး။ ကျွန်တော်တို့ အမျိုးသား အချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း ကျွန်တော်တို့ ပြည်သူလူထုနဲ့ အစိုးရနဲ့ ဖြစ်ပေါ်နေတဲ့ စစ်ဘောင်လို့ ပြောရင် မှားမယ်လို့ မထင်ဘူးလေ။ ဒါကြောင့် ဒီလိုမျိုးပစ်ခတ်တိုက်ခိုက်မှုတွေ တစ်နေ့တစ်ခြားကျယ်ပြန့်လာတယ်၊ များပြားလာတယ်ဆိုတော့ ခုနကပြောနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့၊ ပြည်ထောင်စုငြိမ်းချမ်းရေး တို့က ဒီအချိန်မှာ တကယ်ပဲ အရေးကြီးဆုံး၊ အလို အပ်ဆုံးလို့ ပြောချင်ပါတယ်” ဟု PPST မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကို ပြောသည်။
လက်ရှိအခြေအနေသည် နိုင်ငံ၏နေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား လျက်ရှိပြီး ၎င်းလုပ်ရပ်များသည် နိုင်ငံအတွက် အန္တရာယ်ကြီးမားကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ