စစ်တွေမြို့နယ်၊ ပါဒလိတ်တွင် တပ်မတော် နှင့် AA တို့ တိုက်ပွဲဖြစ်ကြောင်း သတင်းထွက်ပေါ်
သုတကျော် (NSS) - ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာ တွင် တပ်မတော် နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံအချို့ကို NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်အရ သိရကာ အဆိုပါအချက်ကို အတည်ပြုရန်အတွက် အခြားသတင်းရင်းမြစ်များကို ဆက်လက် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ထွက်ပေါ်နေသောသတင်းများအရ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် စတင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကနဦး သိရသည်။
“မနက်က ဖြစ်တယ်လို့ သိရတယ်။ အခုက သိတဲ့အတိုင်း ဖုန်းလိုင်းတွေကလည်း ရတချက် မရတချက် ဖြစ်နေတော့ အဲဒီလောက် သတင်းပဲ သိရသေးတယ်။ ကျွန်တော်တို့လည်း မေးနေတုန်းပဲ။ အားစမ်း တာမျိုးဖြစ်မလား မသိဘူး။ အမြောက်တပ်ကို လာပစ်တာလို့လည်း ပြောနေတယ်” ဟု စစ်တွေမြို့ခံ လူငယ်အမျိုးသားတစ်ဦးက NP News ကို ပြောသည်။
NP News က ဆက်သွယ်မေးမြန်းခဲ့သည့် အခြားဒေသခံတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားသည်ဆိုသော သတင်းကို ကြားမိကြောင်း နှင့် လက်ရှိအခြေအနေကို မသိရသေးကြောင်း ဆိုသည်။
“တိုက်ပွဲ ဖြစ်လားဆို ဖြစ်တယ်လို့ ပြောတယ်။ ညတည်းက ဖြစ်တယ်လို့လည်း ပြောတယ် မသိသေးဘူး။ ပြောနေကြတယ်။ အမြောက်တပ် ရှိတယ်မဟုတ်လား။ အဲ့ဒီနား ဖြစ်တယ်လို့ ပြောတယ်” ဟု အသက် ၂၈ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ NP News အနေဖြင့် ပိုမိုသေချာခိုင်မာသော သတင်းရင်းမြစ်များထံ ထပ်မံ ဆက်သွယ်ရန် ကြိုးပမ်းနေကာ နောက်ဆက်တွဲ ဖြစ်စဉ်များကို သိရခြင်း မရှိသေးပါ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်တာဗျူးလုပ်လိုလျှင် အမေရိကန်ဒေါ်လာ(၁)သန်းပေးရမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တောင်းဆိုခဲ့ကြောင်း သတင်းထောက် တက်ကာကာလ်ဆန်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ