အင်တာဗျူးလုပ်လိုလျှင် အမေရိကန်ဒေါ်လာ(၁)သန်းပေးရမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တောင်းဆိုခဲ့ကြောင်း သတင်းထောက် တက်ကာကာလ်ဆန်ပြော
Pika (NSS) - ဖေဖော်ဝါရီ ၂၁
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် အင်တာဗျူးလုပ်ရန်အတွက် သဘောတူညီခဲ့သော်လည်း အဆိုပါ အင်တာဗျူးအတွက် အမေရိကန်ဒေါ်လာ(၁)သန်းတောင်းဆိုခဲ့ကြောင်း အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်က ပြောကြားခဲ့သည်။
တက်ကာကာလ်ဆန်သည် ရုရှားသမ္မတပူတင်နှင့် အင်တာဗျူးလုပ်ရန်အတွက် ကရင်မလင်နန်းတော်သို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အပြီးတွင် ၎င်းက အာဏာရှင်အစိုးရကို ထောက်ခံသည်ဆိုသည့် ပြောဆိုချက် များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုရှား၏ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သည့် ယူကရိန်း၏ ခုခံကာကွယ်ရေးမှာ ငွေညှစ်နေခြင်းမျိုး ဖြစ်ပြီး ငွေကြေးခဝါချမှုအစီအစဉ်တစ်ခုသာဖြစ်ကြောင်း တက်ကာကာလ်ဆန်က ပြောခဲ့သည်။ အဆိုပါဖြစ်ရပ်များ မှ အကျိုးအမြတ်များရရှိနေသူများထဲမှ တစ်ဦးမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဖြစ်ကြောင်း တက်ကာကာလ်ဆန်က စွပ်စွဲပြောဆိုခဲ့သည်။ တက်ကာကာလ်ဆန်က "ရုရှားမှာ သမ္မတပူတင်နဲ့ အင်တာဗျူး လုပ်ပြီးသွားတော့ ဘောရစ်ဂျွန်ဆင်က ကျွန်တော့်ကို ချက်ချင်းပြစ်တင်ရှုတ်ချခဲ့တာပါ။ ကျွန်တော့်ကို ရုရှားအစိုးရရဲ့ အသုံးချခံပစ္စည်းကိရိယာတစ်ခုလို့ ဘောရစ်ဂျွန်ဆင်က ခေါ်ဆိုခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်က ကျွန်တော့်ကို အဆက်မပြတ် ပြစ်တင်ရှုတ်ချနေတဲ့အတွက် အင်တာဗျူးလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း အင်တာဗျူးလုပ်ရန် တောင်းဆိုချက်နှင့်ပတ်သက်ပြီး အစောပိုင်းတွင် တုံ့ပြန်ခြင်းမျိုးမရခဲ့ကြောင်း တက်ကာကာလ်ဆန်က ပြောကြားခဲ့သည်။ တက်ကာကာလ်ဆန်က "နောက်ဆုံးမှာတော့ အကြံပေးတစ်ဦးက ကျွန်တော့်ကို ပြန်ဆက်သွယ်ခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်က ကျွန်တော့်ကို စကားပြောပါလိမ့်မယ်။ ဒါပေမယ့် အင်တာဗျူးအတွက် အမေရိကန်ဒေါ်လာ(၁)သန်းလောက် ကုန်လိမ့်မယ်လို့ အဲဒီအကြံပေးက ကျွန်တော့်ကို ပြောဆိုခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်ဟာ အမေရိကန်ဒေါ်လာ၊ ရွှေဒါမှမဟုတ် bitcoinနဲ့ တစ်သန်းလိုချင်တာပါ။ ဒါက လွန်ခဲ့တဲ့နှစ်ရက်လောက်က ဖြစ်ပျက်ခဲ့တာပါ။ ပြီးတော့ လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်လောက်က ယူကရိန်းမှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမေရိကန်အစိုးရရဲ့တောင်းဆိုချက်အရ ရပ်တန့်စေခဲ့တဲ့သူက ဘောရစ် ဂျွန်ဆင်ပါ။ ဒါကြောင့်မလို့ သူဟာ လူပေါင်းသိန်းချီသေဆုံးမှုအတွက် တာဝန်ရှိသူဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ရုရှားသမ္မတပူတင်နှင့် အင်တာဗျူးအကြောင်းကို တက်ကာကာလ်ဆန်က ထပ်မံမှတ်ချက်ပြုပြောဆိုခဲ့ ကြောင်း သိရသည်။ တက်ကာကာလ်ဆန်က "ကျွန်တော် သမ္မတပူတင်နဲ့ အင်တာဗျူးပဲလုပ်ခဲ့တာပါ။ သမ္မတပူတင် ကို ကာကွယ်ပြောဆိုတာမျိုးတော့မဟုတ်ပေမယ့် သူက ကျွန်တော့်ကို အမေရိကန်ဒေါ်လာ(၁)သန်းတော့ မတောင်းဆိုခဲ့ပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုလန်လယ်သမားများက ယူကရိန်းနယ်စပ်တစ်လျှောက် ပိတ်ဆို့ဆန္ဒပြ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း