သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီရှိ အများပြည်သူဆိုင်ရာ နေရာ ၇ ခုမှာ ကင်ဆာဖြစ်နိုင်တဲ့ ကျောက်ဂွမ်းမျှင်များ တွေ့ရှိ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂ဝ
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှာ ကျောင်း၊ အားကစားအချက်အချာနဲ့ စူပါမားကတ် အပါအဝင် နောက်ထပ် အများပြည်သူဆိုင်ရာနေရာ ၇ ခုမှာ ကင်ဆာဖြစ်စေနိုင်တဲ့ကျောက်ဂွမ်းတွေ တွေ့ရှိလာရတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ အဆိပ်သင့်ပစ္စည်းတွေကို အများသူငှာနေရာတွေမှ ဖယ်ရှားဖို့ အမြန်လုပ်ဆောင်နေတယ်လို့ အာဏာပိုင် တွေက ပြောကြားပါတယ်။ ဩစတြေးလျရဲ့လူဦးရေအများဆုံးမြို့တစ်ဝှမ်း နေရာ ၄၁ ခုမှာ ဇန်နဝါရီလ အစောပိုင်း ကတည်းက ဆွေးမြေ့နေတဲ့ကျောက်ဂွမ်းစများ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် New South Wales ပြည်နယ်အစိုးရ အာဏာပိုင်များဟာ ပန်းခြံနေရာတွေကို ပိတ်ဆို့ထားပြီး အချို့ခရီးသွားနေရာတွေလည်း ပိတ်ဆို့ထားကာ ကျောင်း နှစ်ကျောင်းကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ အခြားဆိုက်တွေရှိ ညစ်ညမ်းနေရာတွေကိုလည်း ပိတ်ဆို့ ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုလာမယ့်သီတင်းပတ်ကုန်အတွင်း မြို့တော်အနောက်ဘက်မှာ ပေါ့ပ်စူပါစတား တေလာဆွစ်ဖ်ရဲ့ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်ထားတာကြောင့် အဆိုပါ ကွင်းကိုလည်း စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေပါတယ်။
သုတေသနပြုချက်များအရ ကျောက်ဂွမ်းအမျှင်တွေကို ရှူရှိုက်မိခြင်းဟာ အဆုတ်ရောင်ရမ်းခြင်းနဲ့ ကင်ဆာရောဂါ ကိုဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီး ပြသလိုက်တဲ့ တရုတ်-မြန်မာဆက်ဆံရေး၊ တိုင်းရင်းသားအမည်တပ် လက်နက်ကိုင်အဖွဲ့တွေလည်း အတင်းအကြပ်လူသစ်စုနေကြပြီ၊ ကြက်သားချက်တဲ့ ဇင်မာအောင် (၁၉-၂-၂ဝ၂၄)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ