တာမွေမြို့နယ်တွင် တစ်ရက်တည်း၌ ယာဉ်တိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တစ်ရက်တည်း၌ ယာဉ်တိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မိုးပရဟိတအသင်း(ရန်ကုန်) ထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်)၊ ည (၈)နာရီဝန်းကျင်အချိန်တွင် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့်၊ တာမွေလေးဂုံကျော်တံတားအနီးတွင် YBS (128) ယာဉ်လိုင်း နှင့် Probox အမျိုးအစား Taxi ယာဉ်တို့ တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Probox အမျိုးအစား Taxi ယာဉ်ပေါ်မှ အမျိုးသားတစ်ဦးနှင့် စက်ဘီးစီးနင်းလာသူ အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“မနေ့က ညပိုင်း ယာဉ်တိုက်မှုက တာမွေမှာဖြစ်တာ ၃ ကြိမ်ပါ။ ပထမတစ်ကြိမ် YBS နဲ့ တိုက်တာတစ်ခုပဲ လူနာရှိ ပါတယ်။ ကျန်တဲ့နှစ်ခုက လူနာမရှိပါဘူး” ဟု မိုးပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အလားတူ ည (၁၁)နာရီဝန်းကျင်အချိန်တွင် တာမွေမြို့နယ်၊ တာမွေအဝိုင်းထိပ်၊ တာမွေ Ocean အနီး၌ ရေဘောက် ဆာယာဉ်နှင့် အိမ်စီးကားတစ်စီးတို့ တိုက်မိခဲ့ကြောင်း အထက်ပါအသင်းမှ ဆိုသည်။
ထို့ပြင် ည (၁၁)နာရီခွဲဝန်းကျင်အချိန်တွင် ယင်း တာမွေအဝိုင်းထိပ် အထက်ပါနေရာ၌ ထပ်မံ၍ Taxi ယာဉ် (၂)စီး တိုက်မိခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံက ရုရှားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေကြောင်း ရုရှားသံအမတ်ကြီးဝေဖန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း