အမေရိကန်နိုင်ငံက ရုရှားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေကြောင်း ရုရှားသံအမတ်ကြီးဝေဖန်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၈
ရုရှားအတိုက်ခံခေါင်းဆောင်သေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့တုံ့ပြန်မှုက ရုရှားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းမျိုး ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ဝေဖန်ပြစ်တင်လိုက်ပါ တယ်။ အသက် ၄၇ နှစ်အရွယ်ရှိ ရုရှားအတိုက်ခံနိုင်ငံရေးသမား နာဗာနီဆိုသူဟာ နိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှာ လမ်းလျှောက်ရင်း လဲကျသေဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါ တယ်။ နာဗာနီဆိုသူ သေဆုံးရတဲ့အကြောင်းအရင်းက ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် အနောက်အုပ်စု ခေါင်းဆောင်တွေကတော့ နာဗာနီသေဆုံးမှုအတွက် ရုရှားအစိုးရကို ဒေါသတစ်ကြီး တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။
နာဗာနီဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး ရုရှားနိုင်ငံရဲ့ထင်ရှားတဲ့အတိုက်ခံခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုတိယသမ္မတ ကာမာလာဟာရစ်တို့ဟာ နာဗာနီ သေဆုံးမှု အတွက် ရုရှားသမ္မတပူတင် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူတွေကို ဒေါသတစ်ကြီး ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ရုရှားသံအမတ်ကြီး အနာတိုလီ အန်တိုနောဗ့်က "အမေရိကန်နိုင်ငံဟာ ပြဿနာရဲ့အဓိကအခြေခံအရင်းမြစ်ကို မသိဘူး။ အမေရိကန်ဟာ ရုရှားနိုင်ငံကို ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်နိုင်ဖို့ ဆင်ခြေတွေ ထပ်မံရှာနေတာမျိုး ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရုရှားအတိုက်ခံခေါင်းဆောင်ဟာ ၂ဝ၂၁ ခုနှစ်မှာ စတင်အဖမ်းခံရပြီး ၂ဝ၂၃ ခုနှစ်မှာ ထောင်ဒဏ် ၁၉ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ တရုတ်နိုင်ငံကတော့ အဆိုပါရုရှားအတိုက်ခံခေါင်းဆောင် အကျဉ်းထောင် အတွင်း သေဆုံးခဲ့မှုအပေါ် တစ်စုံတရာမှတ်ချက်ပြု ပြောဆိုခြင်းမရှိကြောင်း၊ ရုရှားနိုင်ငံရဲ့ပြည်တွင်းရေး ကိစ္စများ သာဖြစ်ကြောင်း ပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ၎င်းတို့နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေ ကြားဝင်မစွက်ဖက်သင့်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်စည်ပင်က လုပ်ငန်း ၅၃ ခုအတွက် တင်ဒါခေါ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း