ရန်ကုန်စည်ပင်က လုပ်ငန်း ၅၃ ခုအတွက် တင်ဒါခေါ်နေ
NSS - ဖေဖော်ဝါရီ ၁၈
၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်လုပ်ငန်းများမှ လုပ်ငန်းတချို့ အတွက် စိတ်ပါဝင်စားစွာ လုပ်ကိုင်လိုသူများကို လုပ်ငန်းတင်ဒါခေါ်ယူနေကြောင်း ရန်ကုန်မြို့တော်စည်ပင်ရဲ့ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှ သိရသည်။
တင်ဒါခေါ်ယူသော လုပ်ငန်းများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်ဈေးများ နှင့် ကုန်စည်ပွဲရုံများဌာနရဲ့ကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ ကောက်ခံခြင်းလုပ်ငန်း(၂)ခု၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်း(၄၆)ခုနှင့် ပွဲရုံ၊ စခန်းများမှ လုပ်ငန်း(၅)ခု စုစုပေါင်းလုပ်ငန်း(၅၃)ခုအတွက်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာ အငှားချ ထားရန်ဖြစ်ကြောင်း သိရသည်။
ဝယ်ယူရမည့်တင်ဒါလျှောက်လွှာများမှာ လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ဝယ်ယူရမှာဖြစ်ပြီး ဈေးယာဉ်/သန့် စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ မြို့တော်ခန်းမ၊ ဒုတိယထပ်တွင်လည်းကောင်း၊ ပွဲရုံစခန်းများရှိ လုပ်ငန်းများအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ(၇ လွှာ)၊ ၁၂ ထပ်ခွဲရုံး(၄၆လမ်း) ဗိုလ်တထောင်မြို့နယ်တွင်လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များအနေဖြင့် တင်ဒါလျှောက်လွှာများကို ဖေဖော်ဝါရီလ ၂၈ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး လာမည့် ဖေဖော်ဝါရီလ ၂၉ ရက်နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမည်ဖြစ်သည်။
တင်ဒါစည်းကမ်းနှင့်အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ ဈေးယာဉ်/သန့်စင်ခန်းဝင်ခကောက်ခံခြင်းလုပ်ငန်းများအတွက် ၀၁ ၈၃၇၆၇၀၈၊ ၀၁ ၈၃၇၇၈၉၀ သို့လည်းကောင်း၊ ပွဲရုံစခန်းများရှိ လုပ်ငန်းများအတွက် ၀၉ ၄၂၀၁၄၄၁၁၂ သို့ လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့်စိစစ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီးများကို စတင်တည်ထောင်ခဲ့သူ ပါမောက္ခချုပ်ဆရာကြီးဦးမြင့်ဆွေ ကွယ်လွန်ခြင်း (၁ဝ) နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း