ဂါဇာစစ်ပွဲ ရပ်တန့်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးဆုံးဖြတ်ချက်တွေကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပယ်ချဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၈
ဟားမက်စ်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဆုံးဖြတ်မှုအတွင်း ဗီတိုအာဏာသုံး ငြင်းဆန်ပယ်ချမယ်လို့ ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲကာ လူသားချင်းဆိုင်ရာစာနာမှုအကူtညီပေးနိုင်ဖို့ တောင်းဆိုမယ့်အဆိုပြုချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြား လာမယ့်ရက်ပိုင်းအတွင်း မဲခွဲဆုံးဖြတ်သွားဖို့ စီစဉ်နေပြီး အဲဒီအဆိုပြုချက်တွေကို အယ်ဂျီးယားနိုင်ငံက ဦးဆောင်ရေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးလ်က ဂါဇာစစ်ပွဲရပ်တန့်စေဖို့ အယ်ဂျီးရီးယားနိုင်ငံက ဦးဆောင်မယ့်အဆိုပြုမူကြမ်းအပေါ် စေ့စပ်ဆွေးနွေးမှုတွေဟာ အတားဆီးတွေနဲ့ ရင်ဆိုင်ရ ဖွယ်ရှိနေကြောင်း ပြောပါတယ်။
အယ်ဂျီးရီးယားနိုင်ငံကအဆိုပြုမယ့် ဂါဇာစစ်ပွဲရပ်တန့်ရေးအဆိုပြုချက်မူကြမ်းကို အတည်ပြုနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အနည်းဆုံး ၉ နိုင်ငံထောက်ခံမဲရဖို့ လိုအပ်နေကြောင်း သိရပါတယ်။ အမေရိကန်သံ အမတ်ကြီးက "အမေရိကန်ဟာ အယ်ဂျီးရီးယားနိုင်ငံက ဦးဆောင်ပြုမယ့် ဂါဇာစစ်ပွဲရပ်တန့်ရေးမူကြမ်းကို အားပေးထောက်ခံမှာ မဟုတ်ဘူး။ ဗီတိုအာဏာသုံးသင့် သုံးသွားရမယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့ကြီး ဆောင်ရွက်မယ့်အစီစဉ်များကို တံတိုင်းသဖွယ်ကာကွယ်ပေးနေပြီး အစ္စရေးအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အရေးယူမယ့်အစီအစဉ်တွေကို ဗီတိုအာဏာသုံး နှစ်ကြိမ်တိုင်ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဂါဇာစစ်ပွဲရပ်တန့်ဖို့၊ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွှတ်မြောက်စေဖို့ အမေရိကန်၊ အစ္စရေး၊ ကာတာ နဲ့ အီဂျစ်နိုင်ငံတို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာမွေမြို့နယ်တွင် တစ်ရက်တည်း၌ ယာဉ်တိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ