ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၈
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာခဲ့ကြောင်း သိရပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ချမှတ်ခံထားရတဲ့ပြစ်ဒဏ်ကို ခံယူဖို့ ထိုင်းနိုင်ငံကို ပြန်လာ ခဲ့ပြီး ကျန်းမာရေးပြသာနာတွေကြောင့် ရဲတပ်ဖွဲ့အထူးဆေးရုံကို တက်ရောက်ကုသနေခဲ့သူဖြစ်ပါတယ်။ ထိုင်း သတင်းတွေက သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ ရက် အစောပိုင်းမှာ ဘန်ကောက်မြို့ရှိ ထိုင်းရဲတပ်ဖွဲ့ဆေးရုံကနေ အိမ်ကို ပြန်သွားခဲ့ပြီး၊ သမီးနှစ်ဦးက လာရောက်ကြိုဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
သက်ဆင်ဟာ အဆိုပါထိုင်းရဲတပ်ဖွဲ့ဆေးရုံမှာ ၆ လကျော်ကြာ တက်ရောက်ကုသခဲ့ပြီးနောက် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ သက်ဆင်ဟာ ထိုင်းရဲတပ်ဖွဲ့အထူးဆေရုံကနေ ဘန်ကောက်မြို့အနောက်ပိုင်းရှိ ၎င်းရဲ့အိမ်ကို ပြန်လည်ရောက်ရှိခဲ့ပြီး နေအိမ်အပြင်ဘက်မှာလည်း “Welcome home” အမည်ရှိ စာတမ်းချိတ်ဆွဲကာ ကြိုဆိုခံခဲ့ရသလို ပြန်လည်ဆုံတွေ့နိုင်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ ရတယ်ဆိုတဲ့စာသားတွေကို ချိတ်ဆွဲကြိုဆိုခံရကြောင်း သိရပါတယ်။
သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံရပြီး ထောင်ဒဏ် ချမှတ်ခံရသူဖြစ်ပါတယ်။ သက်ဆင်ဟာ ပြစ်ဒဏ်ကို ရင်ဆိုင်လိုခြင်းမရှိဘဲ ပြည်ပထွက်ပြေးခဲ့ကာ ပြည်ပမှာ ၁၄ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့သူဖြစ်ပါတယ်။
သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ထိုင်းရဲတပ်ဖွဲ့အထူးဆေးရုံမှာ တက်ရောက်ကုသခွင့်ပေးခြင်းတွေနဲ့ ဆက်နွယ်ပြီး ဝေဖန်ပြစ်တင်မှုတွေလည်း မြင့်တက်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ ရပ်တန့်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးဆုံးဖြတ်ချက်တွေကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပယ်ချဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ