တောင်ကိုရီးယား မင်းသမီး ကင်ယိုးဂျွန် ကင်ဆာ ဝေဒနာရှင်ကလေးများအတွက် ဝမ် သန်း (၁၀၀)လှူဒါန်း
ရောင်နီ(NSS) - ဖေဖော်ဝါရီ ၁၈
တောင်ကိုရီးယား မင်းသမီးချော ကက်ယိုးဂျွန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်က အဓိပ္ပာယ်ရှိတဲ့ အလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။
သူမက Korea Children's Cancer Foundation မှ ကိုယ်စားလှယ်တစ်ဦးမှတစ်ဆင့် ကလေးကင်ဆာနဲ့ သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်များအတွက် ဝမ်သန်း ၁၀၀ (ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇၅ဝဝဝ) လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ အလှူငွေတွေကို ကလေးကင်ဆာ၊ သွေးကင်ဆာနဲ့ ရှားပါးတဲ့ ကုသလို့မရတဲ့ ရောဂါတွေ ခံစားနေရတဲ့ ကလေးတွေအတွက် ကုသစရိတ်တွေကို ကာမိဖို့ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကင်ယိုးဂျွန်ကလည်း "ကလေးတွေဟာ သူတို့ရဲ့ အိပ်မက်တွေ မပျောက်ပျက်ဘဲ နှစ်သစ်မှာ ပိုကျန်းမာလာမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ Korea Children's Cancer Foundation မှ ဒါရိုက်တာ ဟန်ဆန်ယွန်းက “သူမရဲ့ နွေးထွေးတဲ့ ပံ့ပိုးကူညီမှုအတွက် မင်းသမီး ကင်ယိုးဂျွန်ကို ကျေးဇူးတင်ပါတယ်၊ ကလေးကင်ဆာနဲ့ သွေးကင်ဆာ ခံစားနေရတဲ့ ကလေးတွေအတွက် နောက်ထပ်ချစ်ခြင်းမေတ္တာများစွာကိုလည်း တောင်းဆိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ကင်ယိုးဂျွန်ဟာ SBS ဒရာမာ “My Demon” မှာ ဒိုဒိုဟီး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ ရင့်ကျက်တဲ့ သရုပ်ဆောင်မှုကြောင့် 2023 SBS ဒရာမာဆုပေးပွဲ Rom-Com Miniseries အမျိုးအစားမှာ ထိပ်တန်း Excellence ဆု ရရှိထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမှာ ခြေင်္သေ့လှောင်အိမ်ထဲ စွန့်စားဝင်ရောက်ဆယ်လ်ဖီရိုက်တဲ့ အမျိုးသား ခြင်္သေ့ကိုက်ခံရပြီး သေဆုံး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ