အိန္ဒိယနိုင်ငံမှာ ခြေင်္သေ့လှောင်အိမ်ထဲ စွန့်စားဝင်ရောက်ဆယ်လ်ဖီရိုက်တဲ့ အမျိုးသား ခြင်္သေ့ကိုက်ခံရပြီး သေဆုံး
ရောင်နီ(NSS) - ဖေဖော်ဝါရီ ၁၈
အိန္ဒိယနိုင်ငံမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဟာ အိန္ဒိယနိုင်ငံ တိရစ္ဆာန်ရုံရှိ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ဆယ်လ်ဖီရိုက်ဖို့ ခြေင်္သေ့လှောင်အိမ်ထဲ ဝင်ရောက်ခဲ့ရာမှ သေဆုံးသွားခဲ့ပါတယ်။
မစ္စတာပရာဟက်ဂူဂျာ အမည်ရှိ အမျိုးသားဟာ အန်ဒ်ဟာပရာဒက်ရှ် ပြည်နယ်ရှိ Sri Venkateswara တိရစ္ဆာန် ဥယျာဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်က ဝန်ထမ်းတွေ သတိပေးနေတဲ့ကြားက ခြေင်္သေ့လှောင်အိမ် ခြံစည်းရိုးကို ကျော်တက်ဝင်ရောက်ခဲ့ပါတယ်။ "တာဝန်ကျစောင့်ကြည့်သူက သူ့ကို အကာအရံနား မကပ်ဖို့ သတိပေးထားပေမယ့် ပရာဟက်ဟာ မွန်းလွဲ ၂ နာရီခန့်အချိန်မှာ လေးပေ (၁ ဒသမ ၂ မီတာ) အမြင့်ရှိ နံရံနဲ့ ခြောက်ပေ (၁ ဒသမ ၈ မီတာ) သံကာရံထားတဲ့ အရံအတားဆီကို ရည်ရွယ်ချက်ရှိရှိ ကျော်တက်ခဲ့ပါတယ်" လို့ တိရစ္ဆာန်ရုံမှ ပြောကြားပါတယ်။
တိရစ္ဆာန်ရုံဝန်ထမ်းတွေ ဘာမှမကူညီနိုင်သေးခင်မှာပဲ ဒွန်ဂ်လ်ပါ အမည်ရှိ ခြင်္သေ့က ၎င်းကို တိုက်ခိုက်ခဲ့ပါတယ်။အာဏာပိုင်တွေဟာ လက်ရှိ မစ္စတာ ပရာဟက် ရုပ်အလောင်းကို ခွဲစိပ်စစ်ဆေးမှု ပြုလုပ်နေပါတယ်။ လူသတ်ခဲ့တဲ့ ခြင်္သေ့ကိုလည်း လှောင်အိမ်တစ်ခုဆီ ရွှေ့ပြောင်းခဲ့ပြီး စောင့်ကြည့်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်မှာ ဘတ်စ်ကားနဲ့ မင်္ဂလာပွဲ ပြုလုပ်ခြင်းများခေတ်စားနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း